𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄

4.7K 427 20
                                    


[Unicode]

မင်းရဲ့အမှားတွေကို နောက်မကျခင်မှာပြင်နိုင်ပါစေဂျောင်ကု..
တစ်ကယ်လို့မင်းပြင်နိုင်ခဲ့ရင်တောင်
ငါကမင်းဘေးနားရှိနေမှာမဟုတ်တော့ဘူး...။

____

မနက်နေရောင်ခြည်စူးစူးနှင့်အတူ တကျီကျီနဲ့ငှက်အသံတွေကြောင့် ဂျောင်ကုမကြည်မလင်အိပ်ရာမှနိုးထလာသည်။
အိပ်ရာကထလိုက်သည်နှင့် ခေါင်းတွေနောက်ကျိသွားရပြီး
အဆက်မပြတ်ထိုးကိုက်နေလေတော့ ဂျောင်ကုညီးလိုက်မိသည်။

"ကျစ် အာ"

မျက်လုံးကိုအားယူဖွင့်ရင်း အခန်းတွင်းဝေ့ဝဲကြည့်မိ၏ ။
ဘေးနားအိပ်ရာထက်တွင်လည်းမည်သူမျှရှိမနေ။
ညကအကြောင်းများအား ပြန်ပြီးအတွေးခေါ်ယူနေစဉ်..

"သခင်လေးဂျွန် မနက်စာအသင့်ဖြစ်ပါပြီ။ အမူးပြေဟင်းချိုလေးလည်းပြင်ပေးထားပါတယ်"

အခန်းအပြင်မှနေ၍ ပြောလာသည့်အိမ်အကူကောင်မလေး။
ဂျောင်ကုချက်ချင်းအဖြေပြန်ပေးပြီး
မျက်နှာသစ်ရန်ပြင်ဆင်လိုက်သည်။
အိပ်ရာကနိုးလို့ယောက်ျားကိုမတွေ့လည်း သူလိုက်မရှာမိ။
မေးဖို့လည်းစိတ်ကူးမရှိပါ။
အေးစက်မာကြောတယ်ဆိုတဲ့ကင်မ်ထယ်ယောင်းက သူဆိုတဲ့ဂျွန်ဂျောင်ကုနဲ့တွေ့ရင်တော့ သူ့ရဲ့အေးစက်မှုအောက်မှာဘဲကျရှုံးရမြဲ။
တခါတလေကျတော့လည်းသူက ယောက်ျားနိုင်တယ်လို့တောင်တွေးယူရမယ် အဟင်း ။

ကျောင်းသွားဖို့အတွက်ပါအားလုံးပြင်ဆင်အပြီး ထမင်းစားဝိုင်းတွင်မနက်စာထိုင်စားနေလိုက်သည်။ တစ်ယောက်ထဲစားရတာအထီးကျန်သလိုလိုဆိုပေမဲ့လည်း သူကတော့တစ်ယောက်ထဲစားရတာပိုနှစ်သက်သည်လေ။
ဘေးနားသို့သောက်စရာနွားနို့လည်းလာချပေးရင်း စကားစလာတဲ့အဒေါ်ကြီး...

"သခင်လေးကင်မ် မနေ့ကတနေကုန်ဘာမှမစားဘူး၊ သူ့မှာသခင်လေးဂျွန်နဲ့စကားများပြီး သခင်လေးဂျွန်ကိုဘဲစိတ်ပူနေခဲ့တာ အခုလည်းမနက်စာကိုကောင်းကောင်းစားမသွားဘူး အစာမ၀င်ရင်သခင်လေးကင်မ်အားနည်းနေလိမ့်မှာ"

အဒေါ်ကြီးကပြောပြီးသည်နှင့် လှည့်ထွက်သွားသည်။ သူ့ကိုဒီလိုပြောပြခဲ့တာက သဘောက ထယ်ယောင်းကိုဂရုစိုက်ပေးပါပေါ့။
ဂျောင်ကုတခနတော့တွေဝေသွားသည် အင်းးး တခါတခါလည်းသူ့ကိုအတွေးများအောင် ကင်မ်ထယ်ယောင်းကလုပ်တတ်သား။

𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄 || COMPLETED ||Where stories live. Discover now