𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄

4.8K 402 15
                                    

[Unicode]

နမ်ဂျွန်းကျောင်းတွင်ဂျောင်ကုကိုမျက်စိဒေါက်ထောက်
လိုက်စောင့်ကြည့်နေမိသည်။
ထူးဆန်းတာက ဒီရက်ပိုင်းဂျောင်ကုဟာအရင်လို ဘယ်မိန်းကလေးနဲ့မှအီစီကလီလုပ်တာကိုသိပ်မတွေ့ရတော့ပေ။
သို့သော် သူ့ရဲ့Clubသွားသည့်အစဉ်အလာကတော့မပျက်။
ဂျောင်ကုကိုကြည့်လိုက်တိုင်း အတွေးတွေထဲနစ်မြောနေပုံရသည်။
နမ်ဂျွန်းလည်းဒီရက်ထဲထယ်ယောင်းနဲ့ဂျောင်ကုတစ်ခုခုများဖြစ်ထားသလားတွေးယူနေရသည်။
ထယ်ယောင်းကတော့သူဖြစ်သမျှပြဿနာအကုန်ပြန်မပြောတတ် တစ်ခါတစ်လေသာရင်ဖွင့်သောအနေနှင့် နဲနဲပါးပါးပြောတတ်သည်။

ကျောင်းရှေ့ကဝူးခနဲမောင်းထွက်သွားသော
ဂျောင်ကုကားလေးကိုနမ်ဂျွန်းလိုက်ကြည့်ရင်း
ပါးစပ်မှလည်းရေရွတ်မိ၏ ။

"ထယ်မင်းကိုဘယ်လောက်ချစ်ချစ် ငါကရအောင်ခွဲမှာ။ ထယ့်ရဲ့အချစ်တွေနဲ့မင်းကမတန်ဘူးဂျွန်ဂျောင်ကု"

နမ်ဂျွန်းရေရွတ်နေရင်းမှာပင် အသံမြည်လာတဲ့ဖုန်းကိုထုတ်ကြည့်တော့
*ထယ်* ဟူသောContact Nameလေးပင်။
နမ်ဂျွန်းနှစ်ခြိုက်စွာရယ်ရင်း ဖုန်းကိုင်လိုက်သည်။

"ဟုတ်ကဲ့ခင်ဗျ။"

"အာ.. အကိုဂျွန်း ထယ်အကို့ကိုညစာလိုက်ကျွေးမလို့"

ထယ်ယောင်းပြောလိုက်သောစကားကြောင့် နမ်ဂျွန်းရင်တွေအခုန်မြန်လာ၍ ‌၀မ်းသာနေမိသည်။
သို့သော် ထပ်ပြောလာသောစကားကြောင့် သိပ်တော့အလိုမကျချင်။

"ဂျောင်ကုလည်းပါတယ်။"

အခုနကပြုံးရယ်နေသောမျက်နှာမှာ ချက်ချင်းပင်တည်သွားတော့သည်။

ဂျွန်ဂျောင်ကုက ထယ့်ကိုတစ်ယောက်ထဲလွှတ်မထားနိုင်ဘူးလား?

နမ်ဂျွန်းစိတ်ထဲမှာသာမကျေနပ်မှုတွေကိုပြနေလိုက်ပြီး အပြင်မှာတော့စိတ်ကိုထိန်းကာပြောလိုက်သည်။

"ဟုတ်ပါပြီထယ် အကိုဘယ်ကိုလာခဲ့ရမလဲ"

"ထယ်Messageပို့ပေးလိုက်မယ်လေ အကိုဆော့ဂျင်နဲ့ဆူဘင်းလည်းခေါ်ထားတယ်။ ဆက်ဆက်လာခဲ့နော်"

𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄 || COMPLETED ||Where stories live. Discover now