𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄

5.1K 384 16
                                    


[Unicode]

မင်းကိုဘယ်လိုစိတ်နဲ့ထားခဲ့ရမလဲမသိပေမဲ့
မင်းရဲ့လုပ်ရပ်တွေအတွက်ပြန်ပေးဆပ်ရဖို့
ငါသေချာပေါက်မင်းကိုစွန့်လွှတ်ရမယ်ဂျောင်ကု။

||
    𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄
                                     ||

အမေဖြစ်သူထည့်ပေးသောစားသောက်စရာနှင့်လက်ဆောင်များမှာဧည့်ခန်းကစားပွဲ‌ပေါ်တွင်အပြည့်ပင်။အဒေါ်ကြီးနှင့်ကောင်မလေးနှစ်ယောက်ကိုလည်းလက်ဆောင်တစ်ချို့ဝေခွဲပေးကာ ဆူဘင်း၊အကိုဂျွန်းနှင့်အကိုဆော့ဂျင်
အတွက်ကိုလည်းလက်ဆောင်တွေသပ်သပ်ဖယ်ရင်း အလုပ်ရှုပ်နေသည့်ထယ်ယောင်း။

သူ့စိတ်ထဲတစ်မျိုးဖြစ်နေသည်က အိမ်ကိုရောက်ကတည်းကသူ့အားမျက်တောင်တစ်ချက်မခတ် ဘာလုပ်လုပ်သေချာလိုက်ကြည့်နေသည့်ဂျောင်ကုပင်။

ထွက်သွားခါနီးမှထူးဆန်းတာတွေလုပ်နေလည်း
ငါကတော့ဆုံးဖြတ်ချက်ခိုင်မာပြီးသားဂျောင်ကု။

"ကိုကို.."

အလုပ်ရှုပ်နေသည့်ထယ်ယောင်းအားခေါ်လာသည့်ဂျောင်ကု။
ထယ်ယောင်းလှည့်တော့မကြည့်ဖြစ်ပေမဲ့ ပါးစပ်ကထူးရုံလေးသာထူးလိုက်သည်။

"အင်း"

"ကျနော်ကိုကိုနဲ့အစကနေပြန်စခွင့်ရှိမလား?"

မျက်နှာတည်တည်ဖြင့်ပြောလာသာဂျောင်ကုစကားကြောင့် ထယ်ယောင်းကိုဝိုင်းကူပေးနေသည့်ကောင်မလေးနှစ်ယောက်မှာ အထူးဆန်းတဖွယ်သူတို့သခင်လေးဂျောင်ကုအား မော့ကာပြူးတူးတူးလေးကြည့်နေကြသည်။
ထယ်ယောင်း ကောင်မလေးနှစ်ယောက်ကို
တခြားအလုပ်သွားလုပ်ရန်လွှတ်လိုက်ပြီးဂျောင်ကုဘက်လှည့်ကြည့်တော့သူ့အားအသနားခံစွာကြည့်နေသောဂျောင်ကုရယ်ပါ။
ထယ်ယောင်းခေါင်းတစ်ချက်ခါလိုက်ပြီး

"ဂျောင်ကု ဘာလှည့်ကွက်မှသုံးဖို့မစဉ်းစားနဲ့၊ ငါကမင်းရဲ့လှည့်ကွက်တွေထဲထပ်ပြီးပြိုလဲတော့မှာမဟုတ်ဘူး"

"မဟုတ်ဘူး ကိုကို ကင်မ်ဂျီ၀န်း.. ကိုကိုကကင်မ်ဂျီ၀န်းနဲ့သိပ်တူတာ"

"ကင်မ် ဂျီ ၀န်း ? မင်းရဲ့အချစ်ဦးလား? ဒါဆိုသူကမင်းချစ်ခဲ့ဖူးတဲ့တစ်ယောက်ပေါ့"
"အဲ့တော့ ငါက ကင်မ်ဂျီ၀န်းနဲ့တူလို့ ရုပ်ချင်းဆင်လို့ မင်းကကင်မ်ဂျီ၀န်းကိုမကျေနပ်တာနဲ့ပဲ ရုပ်ချင်းဆင်တဲ့ငါ့အပေါ်ဒေါသဖြေလျှော့လိုက်ရောလား? ဟုတ်လားဂျောင်ကု?"

𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄 || COMPLETED ||Where stories live. Discover now