𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄

5.4K 364 16
                                    


[Unicode]

ဂျောင်ကု၏နှစ်ခြိုက်စွာအိပ်ပျော်နေသောပုံစံလေးသည် ဒီနေ့ကျမှသနားစရာကောင်းတဲ့ယုန်လေးတစ်ကောင်လို။
မို့အစ်နေသောမျက်လုံးများကြောင့်ဂျောင်ကုငိုထားလေသလားလို့
သူတွေးမိပေမဲ့ မဖြစ်နိုင်ဘူးလို့သာထင်မိသည်။
သူလိုလူကငိုမှာတဲ့လား?

ဂျောင်ကု မင်းက ထွက်သွားခါနီးမှ ဘာလို့အားနည်းတဲ့ပုံပေါက်နေတာလဲ။
ငါနောက်ဆံမတင်းချင်ဘူး။

ယခုတွင်ရေချိုးအ၀တ်အစားလဲပြီးလို့အိပ်နေသော
ဂျောင်ကုအား ရပ်ကြည့်နေသောထယ်ယောင်းမှာ ထွက်သွားဖို့ကိုဆုံးဖြတ်ထားပြီးသားပေမဲ့
တစ်ဖန်တွန့်ဆုတ်နေမိပြန်သည်။

_____

အောက်ထပ်ကိုဆင်းလာတော့ထမင်းစားရန်
စောင့်နေကြသောသူများ။ အဒေါ်ကြီးနှင့်ကောင်မလေးနှစ်ယောက်ကိုမတွေ့လို့မေးတော့

"အမေပြန်လွှတ်လိုက်ပြီသား ဒီညတော့အမေလုပ်ပေးမယ်။ ဒီဟင်းတွေလည်းအမေပြင်ထားတာကွယ်။ လာသားထယ်ယောင်း"

ပြုံးရယ်ကာပြောနေသောဂျောင်ကုအမေ၏အပြုံးသည် ဂျောင်ကုနဲ့သိပ်ဆင်သည်။ ပြုံးရယ်နေရင်ဂျောင်ကုအမေဟာယုန်ဖြူမလေးလို ချစ်ဖို့လဲကောင်းသည်။ အသက်ကြီး‌သော်ငြားနုပျိုနေတုန်းပင်။
သူထမင်းဝိုင်းတွင်ထိုင်လိုက်သည်နှင့် သူ့အားဟင်းတွေထည့်ပေးနေသောဂျောင်ကုရဲ့အမေ။ သူမသားရဲ့လုပ်ရပ်တစ်ချို့ကိုသာသိရင်ဘယ်လိုနေမလဲ?

ထို့နောက်သူတို့အားလုံးစားသောက်ပြီး၍ ဂျီမင်နှင့်ယွန်းမီမှာစားပွဲကိုရှင်းပေးပြီး ထယ်ယောင်းနှင့်ဂျောင်ကုအမေမှာတော့ပန်းကန်ဆေးနေကြသည်။
သိမ်းဆည်းပြီးတော့ယွန်းမီကိုအခန်းထဲအရင်သွားခိုင်းပြီး ကျန်ခဲ့သောသူတို့သုံးယောက်ကတော့ ဧည့်ခန်းတွင်ထိုင်ကာစကားပြောကြ၏ ။

"အမေသိပြီးပြီထယ်ယောင်း သားဂျောင်ကုရဲ့လုပ်ရပ်တွေအတွက်အမေတောင်းပန်ပါတယ်"

မျက်နှာညိုးငယ်စွာတောင်းပန်လာသောဂျောင်ကုအမေကြောင့် ထယ်ယောင်းအားနာရကာနေရခက်သွားပြီး ဂျီမင်းကိုလည်းကြည့်လိုက်မိသည်။

𝐋𝐎𝐕𝐄 𝐀𝐑𝐓𝐈𝐅𝐈𝐂𝐄 || COMPLETED ||Where stories live. Discover now