Ep - 9

1.3K 211 4
                                    


Unicode

အခန်း (၉) ပါတနာ

နေ့လည်စာဗူးကိုခေါက်သံက အခန်းထဲတွင်အကျယ်ကြီး မဟုတ်ပေမယ့် ဖုန်းမှတဆင့် ဖူရွင်းဘက်ခြမ်းကိုရောက်တဲ့အခါ နားအူမတတ်ဆူညံစေသည်။

ဖူရွင်းက တကယ်ပင် နောက်တစ်ကြိမ်ထပ်မခေါ်လာတော့ပေ။

ရင်းရှောင်ရွီး အသက်ပြင်းချလိုက်ပြီး ယွီကျစ်ယွီကို ပိုပြီးကျေနပ်သွားတယ်။

"ဟုတ်တယ်၊ မင်းမှာအမြဲတမ်း ဖြေရှင်းချက်ရှိနေတုန်းပဲ၊ ဖူရွင်းဖုန်းခေါ်နေတာက ငါ့ကို သေလောက်အောက် စိတ်နှောင့်အယှက်ဖြစ်စေတယ်၊ ဖူဟန်သတိပြန်ရတာကို ဘယ်သူဖြန့်လိုက်တာလဲဆိုတာ နောက်ကျရင်ရှာရမယ်"

ယွီကျစ်ယွီ ဒင်းခနဲ နေ့လည်စာဗူးကိုချလိုက်သည်။

"ဟင်?!" ရင်းရှောင်ရွီး သူ့မျက်လုံးကို ကျဥ်းမြောင်းလိုက်ပြီး "မင်းတော့မဟုတ်ဘူးမလား?"

ယွီကျစ်ယွီ စိုးရိမ်တကြီးဖြစ်လာပြီး "မဟုတ်ဘူး! ကျွန်တော် တကယ်လို့ ဖူရွင်းကိုဆက်သွယ်ရင် ကျွန်တော့်ကျန်တဲ့ဘဝတစ်ခုလုံး ပန်ကိတ်မစားတော့ဘူး!"

ရင်းရှောင်ရွီး "........."

ဘယ်လိုတောင် အဆိပ်ပြင်းတဲ့ ကတိပေးမှုလဲ။

"ဦးလေး"
ဖူဟန် ရုတ်တရက် ပြောလာခဲ့သည်။
"ကျွန်တော် ယုံတယ်"

ရင်းရှောင်ရွီး အံ့သြသွားတယ်။

ဖူဟန်၏အသံက အက်နေပြီး အသံထွက်ကအနည်းငယ်ယောင်ဝါးဝါးဖြစ်နေသော်လည်း သူသည် ယွီကျစ်ယွီကို ယုံကြည်ကြောင်း ဖော်ပြခဲ့၏။

ယွီကျစ်ယွီ ပျော်ရွှင်စွာ ခုန်လိုက်တယ်။
"လောင်ကုန်း..ခင်ဗျားက အရမ်းကြင်နာတတ်တာပဲ! ခင်ဗျား ကျွန်တော့်ကို ယုံမယ်ဆိုတာ ကျွန်တော်သိတယ်! ကျွန်တော် ခင်ဗျားရဲ့ကုတင်ဘေးမှာ နေ့တိုင်းနေခဲ့ပြီး ခင်ဗျားပေါ်မှာပဲ ဒီလောက်ချစ်ပြီး နစ်မြုပ်ထားတာ..ဘယ်လိုလုပ် ခင်ဗျားကို သစ္စာဖောက်နိုင်မှာလဲ..ကျွန်တော်ပြောခဲ့တဲ့ စကားတွေကို ခင်ဗျားမှတ်မိသေးလား..ကျွန်တော်ပြောခဲ့တာက........"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now