Ep - 13

1.1K 187 0
                                    


Unicode

အခန်း (၁၃) မနာလိုခြင်း

ထိုမှသာလျှင် ဖူဟန်သည် လေအိုးလေးထံမှ သတင်းအချက်အလက်များစွာကို ရရှိထားကြောင်း သိလိုက်ရသည်။

ဒါကြောင့် လေအိုးလေးက အပြည်ပြည်ဆိုင်ရာ လေအိုးများလား?

ဖူဟန်က သံသယဝင်နေပြီး လော့ခိုင်ကပြောလာခဲ့သည်။
"ငါ သတင်းပြန်တဲ့အထိ စောင့်ပေး"

"ကောင်းပြီ"

လော့ခိုင်သည် သူ၏အတွင်းစိတ်ရူတ်ထွေးမှုကို မသိသောကြောင့် "ဒီနည်းက ပိုလုံခြုံတယ်" ဟုသာ ပြောလိုက်သည်။

"နောက်မှတွေ့မယ်။"

ဖူဟန်က ယွီကျစ်ယွီကို သံသဃမဖြစ်စေချင်တာကြောင့် ဖုန်းချလိုက်တယ်။

သူ အလျင်အမြန် အိမ်သာမှ ထွက်ကာ ဖုန်းခေါ်ဆိုမှုမှတ်တမ်းကို ဖျက်ပြီး ဖုန်း၏အပူချိန်နှင့်လက်ရာများပျောက်စေရန် မျက်နှာပြင်ကို စိုစွတ်သော စက္ကူပဝါဖြင့် သုတ်ခဲ့သေးသည်။အားလုံးပြီးသွားမှ တံခါးနားကပ်ပြီး နားထောင်လိုက်သည်။

အဝေးက တီဗွီကနေ အသံအနည်းငယ်ထွက်လာတာကလွဲလို့ တံခါးအပြင်ဘက်မှာ တိတ်ဆိတ်နေတယ်။

လေအိုးလေးက ဘာလုပ်နေတာလဲ။မင်းဖုန်းပျောက်နေတာကို မင်းသတိမထားမိဘူးလား။

ဖူဟန်က သူ့လက်ကိုင်ဖုန်းကို ဘီးတပ်ကုလားထိုင်ရဲ့ ဘေးဘက်အိတ်ကပ်ထဲထည့်လိုက်ကာ ရေဆွဲချတဲ့ခလုတ်ကို နှိပ်ပြီး ဘီးတပ်ကုလားထိုင်ကို ဖြည်းညှင်းစွာ ရွှေ့လိုက်တယ်။

စင်္ကြံကနေ ထွက်လာပြီး ဆိုဖာပေါ်မှာ လေအိုးလေးကို တွေ့လိုက်ရသည်။

ယွီကျစ်ယွီက တီဗွီကို အာရုံစိုက်ပြိီး အလေးအနက် ကြည့်နေခဲ့သည်။

ဖူဟန် ကြည့်လိုက်တော့ တီဗွီဖန်သားပြင်မှာ ပွက်ပွက်ဆူပွက်ဆူနေတဲ့ အစပ်ပူပူအိုးတစ်လုံးကို တွေ့လိုက်ရတယ်။

ဇာတ်ကြောင်းပြောသူက စိတ်အားထက်သန်စွာ ရှင်းပြသည်- "ဒါက အရမ်းအဆင်ပြေတယ်။ အပြင်ထွက်စရာမလိုဘူး၊ အိမ်မှာ ဟော့ပေါ့စားလို့ရတယ်။ အခုပဲ 99ကို ဖုန်းဆက်ပြီး ဒီ ဟော့ပေါ့ လက်ရာကို ရနိုင်ပါတယ်။"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now