Ep - 38

601 141 8
                                    


Unicode

ယွီကျစ်ယွီ အံ့အားသင့်သွားပြီး တံခါးဝမှာ လူနှစ်ယောက် ပေါ်လာတာကို သိလိုက်ရတယ်။ တစ်ယောက်က တုတ်တစ်ချောင်းကိုင်ထားပြီး ကျိချီကွမ်းကို ကြမ်းပြင်ပေါ်သို့ပြုတ်ကျအောင်ရိုက်လိုက်သူဖြစ်တယ်။ နောက်တစ်ယောက်ကတော့ ကြိုးတစ်ချောင်းကိုင်ထားပြီး သူ့ကိုတည့်တည့်စိုက်ကြည့်နေသည်။

သူတို့နှစ်ယောက်လုံးက စိမ်းနေသောမျက်နှာများဖြစ်ကြသော်လည်း သူ့ကိုစိုက်ကြည့်နေပုံကတော့ ကြောက်စရာကောင်းစွာ ရင်းနှီးနေသည်။

ရင်းရှောင်ရွီးနှင့် အလွန်တူလှသည်။

သူတို့က အခကြေးငွေရရန်အတွက် သူ့သွေးကိုလျက်ချင်သော တေလေဂျပိုးများဖြစ်ကြောင်း ယွီကျစ်ယွီသိလိုက်သည်။

အိပ်ဆောင်ထဲမှာ လွတ်ဖို့နေရာမရှိသောကြောင့် သူ ရိုးရှင်းစွာပဲ ပူးပေါင်းပေးလိုက်သည်။
"ကြိုးချည်ထားရင် လူတွေ အလွယ်တကူရှာတွေ့သွားနိုင်တယ်လေ၊ ဒါဆို ဘာလို့ချည်တော့မှာလဲ? ခင်​ဗျားတို့နဲ့သွားရင်း ကျွန်တော်ထွက်မပြေးပါဘူး"

ကြိုးကိုင်ထားတဲ့ တေလေဂျပိုးက လာပြီး သူ့ကိုနှိမ့်ချလိုက်တယ်။
"မင်းက အမြော်အမြင်ရှိတာပဲ"

သူ့ပုခုံးကိုဆုပ်ကိုင်ထားတဲ့ တေလေဂျပိုးရဲ့လက်များက အရမ်းသန်မာလွန်းတယ်။ သံပြုတ်တူတစ်ခု၏ ချုပ်နှောင်ခံထားရသလိုမျိုး အကျိုးသက်ရောက်မှုရှိသည်။ သူ့အရိုးတွေ ကျိုးကြေသွားသလို ခံစားလာရကာ နာကျင်မှုကြောင့် သူ့ခါးတောင်ဖြောင့်ဖြောင့်မမတ်နိုင်တော့ပေ။

တစ်ခုတည်းသောကောင်းခြင်းကတော့ တေလေဂျပိုးက သူ့ကို မချည်နှောင်ဘဲ ဖုန်းကို လုယူသွားခြင်းပင်ဖြစ်သည်။

ယွီကျစ်ယွီက အခွင့်အရေးတစ်ခုလို့ ထင်ပြီး သူ့ဘေးက တုတ်ကိုင်ထားတဲ့ တေလေဂျပိုးကို ကြည့်ကာ ကောင်းတဲ့အသံနဲ့ပြောလိုက်လေတယ်။

"အစ်ကိုကြီး ခုနက ကျေးဇူးပဲနော်...ဒီလူက ကျွန်တော့်ကို ဆူပူကြိမ်းမောင်းနေတာ၊ ပြီးတော့ ခင်ဗျားက သူ့ကို တစ်ချက်ထဲနဲ့ ကုပ်သွားအောင် ခေါက်ပစ်လိုက်တယ်လေ။ သူ့ ဦးနှောက်မှာပြင်းပြင်းထန်ထန်ထိခိုက်သွားလိမ့်မယ်လို့ ခင်ဗျားထင်လား?"

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now