Ep - 11

1.4K 196 1
                                    

Unicode

အခန်း (၁၁) ထောက်လှမ်းရေး

ဒီVIPအဆောင်က အတော်အသင့်ကျယ်တယ်။ကုတင်ဧရိယာအပြင် ဆိုဖာ၊ တီဗွီ၊ ကော်ဖီစားပွဲနှင့် ဧည့်ခံဧရိယာလည်း ပါရှိတယ်။တစ်ကြိမ်ထဲတွင် လူငါးယောက်၊ ခြောက်ယောက်လောက် ရှိနေရင်တောင် ကျဥ်းကျပ်ပုံမပေါ်ပေ။

သို့​သော် ယွီကျစ်ယွီ၏စကားပြောသံနှင့်အတူ အခန်းထဲမှာ ရုတ်တရက်စည်ကားလာသည်။

ရင်းရှောင်ရွီး ခေါင်းကိုက်လာပြိီး အော်လိုက်တယ်။
"ခုန်နေတာရပ်လိုက်တော့! ဘာအတွက်ခုန်နေတာလဲ?"

ယွီကျစ်ယွီရပ်လိုက်ကာ အလေးအနက်ပြန်ဖြေလိုက်တယ်။
"ကျွန်တော့်လောင်ကုန်းနားမှာနေရတာကို အရမ်း ပျော်တဲ့အတွက်..."

"စကားမစပ်"
ရင်းရောင်ရွီး အဓိကအချက်ကိုသတိရပြီး "ဖူဟန်..မင်းကိုလောင်ကုန်းလို့မခေါ်စေချင်ဘူးမလား? မင်းက မင်းရဲ့အတွေးကိုမဖော်ပြပေမဲ့ ငါကမင်းဦးလေးပါ.. တစ်ချက်ကြည့်လိုက်တာနဲ့ မင်းမပျော်ဘူးဆိုတာသိတယ်..ဒါကောင်းတဲ့နာမည်မဟုတ်ဘူးလို့ ငါလည်းတွေးမိတယ်"

ဖူဟန်မျက်မှောင်ကြုတ်လိုက်တယ်။

နာမည်ကြောင့်မဟုတ်ပဲ ရင်းရှောင်းရွီ၏ သဘောထားကြောင့်ပင်ဖြစ်သည်။ရင်းရှောင်ရွီးက လှည့်ကြည့်ရန် ဒါမှမဟုတ် ခေါင်းငုံ့ရန် စိတ်အနှောင့်အယှက်မခံတော့ပဲ သူ့ကိုမျက်စိမှေးကြည့်လာပြီး သူ့လေသံကမထောက်ထားပဲ သနားခြင်းနှင့် ကိုယ်ချင်းစာခြင်းတို့ဖြင့်ပြည့်နှက်နေသည်။

ယွီကျစ်ယွီ ပိုသက်သာသလိုခံစားလိုက်ရပြီး ထိုင်ရင်း သူ့ကိုကြည့်ကာ "ကျွန်တော်ခေါ်လို့ရမလား?"

ဖူဟန်က နာမည်နဲ့ပတ်သတ်ပြီး ဂရုမစိုက်ပဲ သူ့ဦးလေးကို ဆန့်ကျင်ရန်သာတွေးနေခဲ့သည်။ထို့ကြောင့် သူဦးလေးကို လျစ်လျူရူလိုက်ကာ ယွီကျစ်ယွီကို ခေါင်းညိတ်ပြလိုက်သည်။
"အင်း"

ဘာပဲဖြစ်ဖြစ် သူအရင်က အင်တာနက်မှာရှာဖွေမှုအများဆုံးဖြစ်နေတုန်းက အင်တာနက်သုံးဆွဲသူတွေက သူ့ကို လောင်ကုန်းဟု ခေါ်ခဲ့ကြတာပဲ။

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now