Ep - 35

667 117 12
                                    

Unicode

အခန်း (၁၈) ရန်သူ

ဖူဟန်ဒီလိုပြုံးတာကို ယွီကျစ်ယွီအနေနဲ့ ဒါပထမဆုံးမြင်ဖူးတာပင်။ 

ဖူဟန်ပြုံးလေ့ရှိတာက လှောင်ရယ်တာမဟုတ်ရင် ခံစားချက်မရှိပဲ အဆင့်အတန်းရှိရှိပြုံးခြင်းသာ။ သူ့မှာ ဘယ်တုန်းကမှ ဒီလို သဘာဝဆန်ဆန်အပြုံးမျိုးမရှိခဲ့ဖူးဘူး။ သူ့မျက်လုံးထောင့်ရော မျက်ခုံးတွေပါ နူးညံ့သိမ်မွေ့နေခဲ့သည်။  

အရမ်းကိုလှတာကြောင့် သူ တစ်ခါတည်း ချီးမွှမ်းဖို့တောင် မစဥ်းစားနိုင်တော့ပဲ သူ့မွေးနေ့က ထိုအပြုံးကြောင့်ပဲ ပိုပြီးနွေးထွေးလာတယ်ဟုသာ ခံစားလိုက်ရသည်။သူက ထိုအပြုံးကို လက်ဆောင်တစ်ခုအဖြစ် မှတ်ယူကာ ရိုးသားစွာ ကျေးဇူးတင်လိုက်သည်။

ဖူဟန်လည်း အံ့အားသင့်သွားကာ သူ့ကို အချိန်အကြာကြီး စိုက်ကြည့်နေမိတယ်။

ယွီကျစ်ယွီက ဖူဟန်မှာပြောစရာရှိတယ်ဟု ထင်သောကြောင့် နာခံမှုအပြည့်ဖြင့် စောင့်ဆိုင်းနေပြီး တင်းမာမှုနည်းနေသော ဖူဟန်၏ချောမောတဲ့မျက်နှာကို သေသေချာချာကြည့်မိ၏။ အမှန်တော့ ဖူဟန်တွင် မက်မွန်ပွင့်သဏ္ဍန်မျက်လုံးတစ်စုံရှိကာ မျက်စိမှေးကြည့်တာတို့၊စူးစူးဝါးဝါးကြည့်တာတို့သာမလုပ်ရင် အလွန်ဆွဲဆောင်အားပြင်းလှသည်။

ဖူဟန်က ရုတ်တရက်ဆန်စွာ သူ့မျက်နှာကို လာဆွဲညစ်လာသည်။

ယွီကျစ်ယွီ အံ့အားသင့်သွားပြီး ဖူဟန်၏လက်ကို မသိစိတ်ကနေ ရိုက်ထုတ်ပစ်ချင်သွားသည်။ ရန်ဖြစ်ခါနီးတွင် ဤသူသည် သူမျက်နှာလိုမျက်နှာရလုပ်ချင်နေသော ဘော့စ် ဖြစ်ကြောင်း သတိရသွားသည်။ ထို့ကြောင့် ရန်ဖြစ်ချင်နေသော သူ့လက်ကို အမြန်ရပ်လိုက်ပြီး နောက်ဆုံးတွင် ညင်သာစွာပွတ်သပ်မိတာနဲ့ပဲ အဆုံးသတ်သွား၏။

ဖူဟန်ရဲ့လက်ဖယ်သွားတဲ့အခါ သူ့မျက်နှာက အနည်းငယ်ယားပြီးကျန်ခဲ့၏။ 

ဖူဟန်သည် လက်လွှတ်ပြီးတာနဲ့ မျက်မှောင်ကြုတ်လိုက်တယ်။ သူ့ကိုယ်မှာခြုံထားတဲ့စောင်ကို သပ်သပ်ရပ်ရပ်ပြန်ဖုံးလိုက်ပြီး သူ့တစ်ကိုယ်ထဲကြားနိုင်သောအသံဖြင့် "19နှစ်ပဲ" ဟု အသံနိမ့်နိမ့်ဖြင့် ဆိုလိုက်ချေသည်။

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now