Ep - 22

1K 181 8
                                    

Unicode

အခန်း (၂၂) မိတ်ကပ်

ဒီလူကြီးရဲ့ လေသံက ဘာဖြစ်နေတာလဲ။

ဒီလူကြီးက ပိုက်ဆံပေးပြီး ကြိုက်သလိုသုံးလို့ ရတယ်ပြောတော့ သူပြောတဲ့အတိုင်း ပြောင်းပြီးတဲ့အခါ သူက အသဲကွဲချင်လောက်စရာ.....အဖေအိုကြီးဖြစ်လာတယ်။

ယွီကျစ်ယွီသည် သူ၏ကိုယ်ပိုင်အတွေးကြောင့် လန့်ဖျပ်သွားပြီး ခေါင်းယမ်းလိုက်သည်။ ဖူဟန်ကို ပြန်ကြည့်သောအခါတွင် သူသည် အသက်ကြီးသူများ၏ ဆုံးမခြင်းကို ခံရခြင်းဟု ထင်ယောင်ထင်မှားဖြစ်မနေတော့ပေ။

ဒါက သူ့အဖေမဟုတ်ဘဲ ဖူဟန်ပင်။ ဖူဟန်သည် သူ၏ စာသင်ချိန်ကို စိတ်မဝင်စားဘဲ ဆိတ်ငြိမ်သော ပတ်ဝန်းကျင်ကိုလိုချင်သောကြောင့် သူ့ကို စာသင်ခန်းသို့ မောင်းထုတ်လိုက်ရုံသာ ဖြစ်သည်။

ယွီကျစ်ယွီက ချက်ချင်းပဲ ပြောလာသည်။
"လောင်ကုန်း ကျွန်တော် ခင်ဗျားကို မနှောင့်ယှက်ဘူးလေ၊ ကျောင်းပွဲအတွက် ဖျော်ဖြေပွဲ လုပ်နေလို့ ကျွန်တော်အခု အတန်းထဲ မဝင်ချင်သေးဘူး။ ခင်ဗျား ကျွန်တော့်ကို ဒီမှာ နောက်ထပ် ရက်နည်းနည်းလောက် နေခွင့်ပေးပါလား"

ဖူဟန်က မျက်မှောင်ကြုတ်လိုက်သည်။
"မင်းငါ့ကို အခုပဲနှောင့်ယှက်နေပြီ"

"ဒါပေမယ့်……"

"ဆရာဝန်က မင်းဒဏ်ရာက သုံးရက်အတွင်း သက်သာလာမယ်လို့ပြောတယ်၊ ပြီးရင် မင်းကျောင်းသွားလို့နိုင်ပြီ"

ယွီကျစ်ယွီက စကားဆက်ချင်နေသေးပေမယ့် ဖူဟန်က ဘီးတပ်ကုလားထိုင်ကို ထိန်းချုပ်ပြီး ထွက်သွားခဲ့တယ်။

ဘီးတပ်ကုလားထိုင်က တကယ်ကို လျင်မြန်စွာထွက်ပြေးသွားတာပင်။

ယွီကျစ်ယွီက သူ့နောက်ကို လိုက်ခြင်းသည် အကျိုးမရှိမှန်းသိသောကြောင့် သူပြန်ထိုင်ကာ ပြက္ခဒိန်ကိုကြည့်ရန် ဖုန်းကိုထုတ်လိုက်သည်။

လုံးဝမကောင်းဘူး၊ ပိတ်ရက်နည်းနည်းလေးပဲရှိသေးတယ်။

နေ့တိုင်း အိပ်ယာအစောကြီးထရပြီး အစောကြီးအိပ်ရသည်။ ဆေးရုံတွင် ဖူဟန်နဲ့ အတူလိုက်ပါရရုံသာမက စစ်ရေးလေ့ကျင့်ရေးကိုလည်း သွားရသေးသည်။ 

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now