Ep - 25

877 161 7
                                    

Unicode

အခန်း (၂၅) ဇနီး

ဆရာဖန်က 7:30 မှာတွေ့မယ်လို့ပြောခဲ့သောကြောင့် ယွီကျစ်ယွီက 6:00 မှာ အိပ်ယာက ထသည်။

ဘာလို့လဲဆိုတော့ ဆေးရုံကနေ Xကိုသွားရတာ တစ်နာရီလောက်ကြာတယ်။

ယွီကျစ်ယွီသည် မနက်အစောကြီးကတည်းက နွမ်းနယ်နေပြီး ရေချိုးရန် ခြေထောက်များကို ဆွဲယူကာ မနက်စာစားဖို့အတွက် စားသောက်ခန်းသို့ တဖန်သွားခဲ့ရသည်။ နှစ်ချက်လောက်ကိုက်ပြီးနောက်  သူ အာရုံပြန်ဝင်လာကာ ဖူဟန်ထချိန်နီးနေပြီဟု ရှာတွေ့သွားပြီး ဖူဟန်ကိုရှာဖို့ ထပ်ကြိုးစားရပြန်သည်။

"ဂွတ်မောနင်း လောင်ကုန်း!"

ဖူဟန်က သူ့ကို အမူအရာမဲ့စွာ ကြည့်လာသည်။  

ယွီကျစ်ယွီက သူ့ကိုယ်သူ ဆက်ပြောလာတယ်။
"ကျွန်တော် ကျောင်းသွားရတော့မယ်၊ အချိန်တော်တော်ကြာမှာမလို့ ခင်ဗျားကို လွမ်းနေရလိမ့်မယ်၊ အိုး..နေ့လည်စာစားချိန်အတွင်း ကျွန်တော် တကယ်ပြန်လာချင်ပေမယ့် ပြန်လာဖို့က နှစ်နာရီလောက်ကြာတယ်လေ။ ပြီးတော့ အချိန်ကလည်း အရမ်းကြပ်တယ်"

သူ့ရဲ့ တုံ့ဆိုင်းမှုကို ပြသဖို့အတွက် ယွီကျစ်ယွီဟာ ဝမ်းနည်းဖို့ အကောင်းဆုံး ကြိုးစားခဲ့ပြီး သူမျက်ရည်ကျလုမတတ်ပင်။

ဖူဟန်က သူပြောတာ ပြီးအောင်စောင့်ရင်း ရုတ်တရက် ပြောလာသည်။
"ငါလည်း သွားမှာ"

"ဘာ?"

ယွီကျစ်ယွီအံ့အားသင့်​သွားသည်- ဒါဆို သူ့ရဲ့ သရုပ်ဆောင်မှုက  အချည်းနှီးဖြစ်သွားတာလား?

ဖူဟန်က သူ့ရဲ့အံ့အားသင့်သွားတဲ့အမူအရာကိုနှစ်သက်သည်။ ထို့ကြောင့် သူ ပေါ့ပါးစွာ ရယ်မောလိုက်ပြီး အပြင်ထွက်ဖို့ ဘီးတပ်ကုလားထိုင်ကို ထိန်းချုပ်လိုက်သည်။

ဘီးတပ်ကုလားထိုင်က အမြန်ပြေးသွားတာကြောင့် ယွီကျစ်ယွီလည်း ထိုအတိုင်းလိုက်ရသည်။

"တကယ်လား? ကျောင်းနှစ်ပတ်လည်ပွဲကို ဖိတ်ခံရတာလား? ခင်ဗျားက A တက္ကသိုလ်က၊ ဒါကြောင့် သူတို့ ခင်ဗျားကိုလည်းဖိတ်တာလား? ဒါပေမဲ့ ခင်ဗျားက အရမ်းနာမည်ကြီးတယ်လေ၊ သူတို့ခင်ဗျားကို ဖိတ်တာဖြစ်နိုင်ပါတယ်၊ ခင်ဗျားသွားမယ်ဆိုတည်းက တခြားအရာတွေဘေးဖယ်ထားဖို့ ကျွန်တော် ဆရာဖန်ကို ပြောလိုက်မယ်.....''

ဇာတ်လိုက်နဲ့စေ့စပ်ပွဲပျက်ပြီးနောက် သူ့ဦးလေးနဲ့လက်ထပ်လိုက်တယ်Where stories live. Discover now