Ch.3.1 Resonance

1.1K 148 0
                                    

Unicode

တနှစ်ကြာပြီးလျှင်သူသေလိမ့်မည်။ သူသည် မြို့တော်တက္ကသိုလ် သို့ ဝင်ခွင့်ရပြီး ပထမနှစ်ခေါင်းဆောင် ဖြစ်လာသောအခါ သူနှင့်လင်း၀မ်ဝမ်တွင် တည်ငြိမ်သောဆက်ဆံရေး ရှိလာပြီ ဖြစ်သည်။ သူသည် အတန်းဖော်များနှင့်လေ့ကျင့်ရေး ထွက်သွားစဉ် စွမ်းအားကြီးသောတစ္ဆေဝူရုန်နှင့် တွေ့ပြီး အသတ်ခံလိုက်ရသည်။

ရွှမ်အန်းသည် ဝူရုန့်နောက်လိုက် အနက်ရောင်ခွေးနတ်ဆိုးဝိဉာဉ် က သူကိုမည်ကဲ့သို့ တစစီ ဆွဲဖြဲ၍ မျိုချ ခဲ့ပုံ သူ့အရိုးနှင့် ဝိဉာဉ် များတောင် အပိုင်းအစဖြစ်အောင်ကိုက်ခံရပုံများကို ရှင်းလင်းစွာမှတ်မိနေသည်။

" ငါမကြောက်ဘူး မကြောက်ဘူး အခုဝူရုန်ကအသက်ရှင်နေသေးတယ်။ ကြောက်စရာမလိုဘူး "

လျို့ဟူသည် ရွှမ်အန်းကို ထွက်သွားခိုင်းလိုက်သည်။ သူသည်အတန်းမသွားသလို အိပ်ဆောင်သို့လည်း မပြန်ချေ။ ကြုံရာကြမ်းပြင်ပေါ်၌ထိုင်ချလိုက်ပြီး " မဟုတ်သေးဘူး ငါ ယန်ကျားဖင်းမှာမနေနိုင်ဘူး ။ အခု June 15 ဖြစ်နေပြီ။ မီးအိမ်တစ္ဆေဘုရင်က နယ်နိမိတ်စည်းကို ဖြတ်ပြီး ယန်ကျားဖင်းက တစ္ဆေနယ်မြေ ဖြစ်ပို့ သုံးလပဲ ကြာမှာ"

သူသည်အိပ်ဆောင်ဆီ‌ခြေလှမ်းအနည်းငယ်လောက်ပြေးပြီးနောက် ရပ်သွားပြန်သည် ။ သွေဆုံးနေသောရူကြောင်‌ကြောင်နတ်ဆိုးလို သူ့ဆံပင်များကို ဆွဲစုတ်နေရင်း " မဟုတ်ဘူး မဟုတ်သေးဘူး ငါလင်း၀မ်ဝမ်ကိာမရသေးဘူး သူ့အဖေမပါပဲ မြို့တော်ကထန်းရှီ တက္ကသိုလ်ကို တက်ဖို့မဖြစ်နိုင်ဘူး။ ကောင်းကင်သခင် ၊ငါကောင်းကင်သခင်ဖြစ်ချင်တယ်။ ငါကောင်ကင်သခင်ဖြစ်ရမယ်။ "

လွန်ခဲ့သောနှစ်တရာမှစ၍ ကမ္ဘာကြီးသည် သဘော၀လွန်ကမ္ဘာကြီး မှ ပြန်လည်ဖြစ်တည်လာသည်။ တစ္ဆေများသည် ကမ္ဘာပေါ်သို့ အမဲလိုက်ရန်ရောက်လာသည်။ တစ္ဆေများသည် ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မူများ သေနတ်များကိုမကြောက်သလို ခံနိုင်ရည်လည်း ရှိကြသည်။ လူသားမျိူနွယ်များ အရေးနိမ့်လာလေသည်။ ကမ္ဘာနေရာတော်တော်များများသည် သရဲ များ အပိုင်စားရနေပြီး အရေးပေါ်အခြေနေ ဖြစ်လာနေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now