Ch.39.1-Sihahahahahaha

330 62 1
                                    

|| Unicode ||

    သူသည် အသားပြားများပေါ်တွင်သေးငယ်ဖြူဖွေးသောအစက်‌ပျောက်များ ထူထပ်စွာဖုံးနေသည်ကိုတွေ့လိုက်သည်။ သူတို့သည် အရေပြားပေါ်မှထွက်လာသောပြည်များကဲ့သို့ဖြူဝါရောင်ပြည်များနှင့် ကပ်ပါးဥများနဲ့တူသော အပ်ခေါင်းခန့်ရှိသောအဖြူရောင်အစက်များဖြစ်သည်။ အဝေးမှကြည့်လျှင် သူတို့သည် အသား‌ပေါ်တွင်ဖြူး‌ထားသောနှမ်းစေ့အလွှာနဲ့တူသော်ငြား အနိးကပ်ကြည့်လိုက်သောအခါ လွန်စွာကြက်သီးထဖွယ်မအီမသာခံစားချက်မျိုးရလေသည်။

   အခုချိန်မှာ‌ညနေစာ စားချိန်နီးပြီးဖြစ်ရာ ဤသို့ဖြစ်သွားသဖြင့် အနောက်ဆောင်မီးဖိုတစ်ခုလုံးအရေးပေါ်ဖြစ်သွားလေသည်။ သူတို့အသားအားလုံးကိုစစ်ဆေးကြည့်သောအခါ ဝက်သား ကြက်သား ငါး အားလုံးတို့တွင် အနည်းနှင့် အများတော့အဖြူရောင်အစက်များရှိနေသည်။ သူတို့ဘာလို့အရင်ကဒါကိုသတိမထားမိတာလဲ? တာဝန်ယူမှုကဘယ်မှာလဲ? အခုတော့စစ်ဆေးရန်အချိန်မရှိတော့ပေ။ အသားအားလုံးသာ ဖယ်ရမယ်ဆိုလျှင် ကြော်ချက်ထားသောအသီးရွက်အားလုံးမှာသက်သက်လွတ်ဟင်းလျာများသာဖြစ်တော့မည်။

    ညနေစောင်းပြီဖြစ်ရာ သိပ်မကြာမီတွင်အတန်းဆင်းခေါင်းလောင်းထိုးပြီးနောက် ကျောင်းသားအားလုံးမျာကန်တင်းသို့ပြေးဝင်လာပြီး ပြတင်းပေါက်တိုင်းတွင် အတန်းရှည်များစီတန်းနေလေတော့သည်။ သို့သော်သိပ်မကြာမီတွင် ကျောင်းသားအားလုံးမှာ အသားမပါပဲ ကျန်းမာရေးနှင့်ညီညွှတ်လွန်းသော အစိမ်းရွက်များကိုသာတွေ့ရ၍ကြောင်အသွားကြသည်။

   လျှို့ယန်သက်မွေးအထက်တန်းကျောင်းတွင် ကန်တင်းတစ်ခုတည်းသာရှိပြီး သုံးလွှာရှိလေသည်။ ပထမထပ်နှင့်ဒုတိယထပ်များတွင် ကျောင်းသားများစားကြပြီး တတိယထပ်တွင်တော့ ဆရာများသွားရောက်ကာ ဟင်းလျာပမာဏအနည်းငယ်ကိုမှာယူလို့ရသည်။ နေ့လည်စာစားချိန်ပြီးဆုံးခါနီးတွင် ခန်ကျင်းပိုင်ရောက်ရှိလာသည်။ သူသည်အတွေးများနှင့် မျက်မှောင်ကြုတ်နေကာ သူမျက်ခုံးများကြားတွင်ဝက်ခြံသေးသေးလေးရှိနေပြီး ထင်းကန်ထဲပထမဆုံးဝင်လာကတည်းက သူ့အင်္ကျီမလဲရသေးပဲ သူမျက်နှာတွင်ချွေးများ ထွက်နေ၍ ပါးလွှာသောဆံပင်များက သူ့နှဖူးပေါ်တွင်ကပ်နေသဖြင့် သူကြည့်ရသည်မှာ မသပ်မရပ်နှင့်ရှက်စရာပုံပေါ်နေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now