Ch.25.1-Bark?Bark Woof Woof... Woof Woof!

417 97 3
                                    

Unicode

ပြုံးနေသောမျက်လုံးနှင့်လူမှာဖြည်းညှင်း၍ဆွဲဆောင်မူရှိသောလေသံဖြင့် ကြားဖြတ်ပြောသည်" ရှိခဲ့ရင်တောင်ဘယ်ပြောရဲမလဲ မင်းကမသေမျိုးလင်းယွင်အကြောင်းပြောဖို့မေးနေ‌တာ သူဘာပြောလဲတော့ငါမသိဘူး အဲ့နေ့က သူ့ကောင်းကင်ရိုက်ချက် ၂၇ကြိမ်ရိုက်ခတ်ခံရပြီးသေလုနီးပါးပဲ။ တံခါးပိတ်ကျင့်ကြံထွက်လောက်ပြီးတော့လည်း ထပ်ပစ်ခံရသေးတယ်။ သူဘယ်လိုကြောက်စရာကောင်းတဲ့လျှို့ဝှက်ချက်ကိုတွက်မိသွားလဲငါမမှန်းတက်တော့ဘူး"

"လျှို့ဝှက်ချက်တွေကိုမဖော်ထုတ်နိုင်ပေမယ့် ဒီရက်တွေမှာလုန်ဟူတောင်တန်းက ယွင်မီသားစုရဲ့အပြုမူတွေကတဆင့် တခုခုကိုတော့ခန့်မှန်းနိုင်ပါတယ်" ဝါကျင့်ကျင့်မျက်နှာနှင့်လူကသုံးသပ်ပြနေသည် " လွန်ခဲ့တဲ့တစ်လခွဲလောက်က ယွင်မိသားစုကရုတ်တရက်ကြီး လကိုးကွယ်တဲ့စိတ်ဝိဉာဉ်ခွေးအဆောင်လကွဲအမြောက်အများစုထုတ်ခဲ့ဝာာ။ ကျွန်တော်ကြားရသလောက်အဲ့အဆောင်လက်ဖွဲ့ကကြည့်ရတာရိုးရှင်းတယ်ထင်ရပေမယ့် တကယ့်သူမူလကကို ခရမ်းရောင်အဆောင်လက်ဖွဲ့အဆင့်ရှိနေပြီ။ ယွင်မိသားစုဒါကိုဘယ်ကရလဲမသိ ပေမယ့် အချိန်ကတအားတိုက်ဆိုင်မနေဘူးလား ဖြစ်နိုင်တာဒါကဆရာသခင်လင်းယွင်ရဲ့ နည်းလမ်းဖြစ်ဖို့များတယ်"

"လင်းကျွမ်ပိုင်ယွီ၊လင်းကျွမ်ပိုင်ယွီ (T/N လကိုးကွယ်တဲ့စိတ်ဝိဉာဉ်ခွေး) ၊စိတ်ဝိဉာဉ်ခွေးတွေကတစ္ဆေခွေးတွေကို ပစ်မှတ်ထားတာ ဒါကတိုက်ဆိုင်တာလား ဒါမှမဟုတ်..."

တစ်ခုခုကိုတွေးမိသွားသလို မာလိန်ရုတ်တရက်ပါးစပ်ပိတ်လိုက်ပြီး ဆံပင်ရှည်နှင့်လူဆီငဲ့ကြည့်လိုက်သည်။ သို့သော်သူမထင်မှတ်စွာထိုသူ၏ပြုံးနေသောမျက်လုံးနှင့်ဆုံတွေ့သွားသည်။

"ယွင်မိသားစုကကျင့်ကြံရေးမှာတော်ပေမယ့် ဖုရဲ့စည်းတွေက ဖုမိသားစုရဲ့အခြေခံအုတ်မြစ်တွေလေ"

အမျိုးသားသည်တံခါးအားအရိုးမရှိသလိုမှီထားလျက် လက်ညိုးဖြင့်ဆံပင်ကိုလိပ်ဆော့နေရင်းပြုံးကာ ကမ္ဘာကြီးပရမ်းပတာမဖြစ်မည်ကိုစိုးရိမ်သည့်အလား "ယွင်မိသားစုကစည်းကျော်ပြီးဖုမိသားစုရဲ့ ရွှေ‌‌ဂုဏ်ထူးဆောင်တံဆိပ်ကို အနိုင်လိုလျင်နေတယ်ပေါ့ ?အရမ်းစိတ်ဝင်စားဖို့ကောင်းတာပဲ~~! "

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Место, где живут истории. Откройте их для себя