Ch 83- Loootus Flower

191 28 0
                                    

|| Unicode ||

"မင်းနဲ့သူတို့ကအတူရှိနေတာလား?"

သူမယုံကြည်နိုင်စွာမေးလာသည့်အခါ ကျိုးကျင်၏မျက်နှာလုံးဝမှောင်မည်းသွားပြီး တဖြည်းဖြည်းကြည့်ရဆိုးလာသည်။ သူသွားများကြိတ်လျက် ဂရုမထားဟန်မျက်နှာထားဖြင့် " မင်းသိသွားပြီဆိုရင်လည်း ငါမျောက်တစ်ကောင်လို စနောက်မခံချင်တော့ဘူး။ မင်းငါ့ရဲ့ဝိဉာဉ်ကိုလိုချင်တယ်ဆို ယူသွားလိုက်တော့"

ပြောပြီးနောက် မကျေမချမ်းနှာမူတ်လိုက်ရင်း ရန်စလိုက်သည် " ဒီတစ်ကြိမ် လူအိုကြီးကဒီမှာမရှိတော့ မင်းဒါကိုမလုပ်ဝံ့ဘူးပေါ့လေ မဟုတ်ဘူးလား?"

ကျိုးကျင်သည် သူအားတစ်စုံတစ်ယောက်နှင့်မှားနေပုံရသည် ထိုသူများသည် ကျိုးမိသားစုနှင့် ရန်စရှ်ိပြီး ကျိုးကျင်၏ဝိဉာဉ်အားယူချင်နေပုံရသည်။

"မင်းဒါကိုလိုချင်တာလား"

ဝူရုန်သည် အမျက် အမုန်းများပြည့်နေသော သူ၏မျက်လုံးများအားလျစ်လျူရှုကာ သူခါးမှာချိတ်ထားသော အဖြူရောင်ကျောက်စိမ်း ပြွန်ဗူးအား ဆွဲယူလိုက်သည်။ အခုတင်ကျိုးကျင်လက်လှမ်းလိုက်သည့်နေရာမှာ ထိုနေရာသို့ဖြစ်ပေသည်။

ကျိုးကျင်စကားမပြော နှာခေါင်းရှုံရုံသာရှုံပြကာ သူ၏မျက်လုံးများက ထေ့ငေါ့နေပြီး သန့်စင်ရိုးသားမှုတစုံတရာမရှိ အေးစက်မှုသာရှိသည်။ သို့သော် အဖြူရောင်ကျောက်စိမ်းဗူး ထွက်ပေါ်လာသည့်အခါ တုန်ယင်နေသောသူ့မျက်တောင်များက ဝူရုန်ခန့်မှန်းချက်မှန်နေကြောင်း သက်သေပြနေသည်။

သူချောင်ကျိုးဘူတာရုံသို့ ပထမဆုံးအကြိမ်ရောက်သောအခါက ကျိုးကျင်နှင့်ဆုံခဲ့သည်။ ကလေးဝိဉာဉ်အား လူမျက်နှာ ပင့်ကူမှ ဖမ်းယူခဲ့ပြီး သန့်စင်ခန်းထဲမှလှည့်ဖျားသွေးဆောင်နေသောသီချင်းသံနှင့်ပါဆိုလျှင် ထိုအချိန်တွင်ပြုမူလာသောကျိုးကျင်၏အပြုမူများအရ ထိုကလေးဝိဉာဉ်နှစ်ခုမှာ သူအတွက် အလွန် အရေးပါပုံရသည်။ သူတို့သည် အလွန်အရေးကြီးပြီးသူတို့၏တည်ရှိမှုမှာ အလွန်တရာမှလျှို့ဝှက်စွာတည်ရှိနေခြင်းဖြစ်သည်။ ထိုသို့မဟုတ်လျှင် ကျိုးကျင်၏မွေးကင်းစကလေးဝိဉာဉ်ပျောက်သွားသည့်နေ့ကပင် ကျန်ရှိ‌‌ နေသော နောက်ထပ်မွေးကင်းစကလေးဝိဉာဉ်ကိုသုံး၍ရှာ‌ ဖွေကာ နောက်တစ်‌ ကောင်ပါ ဆုံးရှုံးရမည့်အစား ကျိုးမိသားစု၏အင်အားကိုသုံး၍ ရှာဖွေနိုင်မည်ဖြစ်သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now