Ch.12 Revival

528 95 1
                                    

Unicode

     ပိုင်ကု သူ့အရင်ဘဝကသတ်သောတစ္ဆေကဝူရုန်ဖြစ်မည်မှန်း မမျှော်လင့်ခဲ့ပေ။ သူသာ်တစ္ဆေတကောင် မဖြစ်သေးသော်လည်း ပုံမပျက်သွားပေ။ သူ့က်ုတချက်ကြည့်ရုံဖြင့် သတိပြုမိသည်။

     ပိုင်ကုအရင်ဘဝက ထိုအချိန်ကိုရှင်းရှင်းလင်းလင်းမှတ်မိသည်။ နတ်ဆိုးမြောင် အရေးက ခံတပ်တွင်အရေးပေါ်ဖြစ်နေကာ ဝူမျိုးဆက်နောက်ဆုံးသွေးဆက် ဝူချွေ့ကာ ချောက်ကမ်းပါးတွင် ကားမှောင်၍ လမ်းတွင်ဆုံးပါးခဲ့သည်။ပိုင်ကုနှင့် နတ်ဆိုးမြောင်လူနည်းစု ခေါင်းဆောင် ကောလန် လက်တွဲနေသည်မှာကြာပြီ ဖြစ်သည်။ ကောလန်နှင့် နတ်ဆိုး‌မြောင် ဖိအား အောက်တွင် ရွာအကြီးအကဲများက ရွေးချယ်စရာမရှိ လူငယ်မျိုးဆက်ထဲမှာ အတော်ဆုံးပိုင်ကု ကို ကူဘုရင်အားဆက်ခံစေသည်။

     ပိုင်ကုသည် အဖွားအို၏သွေးကို လျှို့ဝှက်နည်းဖြင့် အရည်ဖျော်ပြီးမှသာ ကျုံးကူ၏ အသိမှတ်ပြုမူကိုရသည်။ တနှစ်အကြာနောက်ဆုံးတိုက်ပွဲတွင် သူနှင့်ကောလန် ရွာကိုယ်စားပြုများအဖြစ်ယှဉ်ပြိုင်ခဲ့ကြသည်။ နှစ်ယောက်ပေါင်း အတွင်းအပြင် ပူပေါင်းဆောင်ရွက်၍ ခံတပ်ရွာကို ပျက်စီးစေသည်။ သို့သော်ပိုင်ကု သည် နတ်ဆိုးမြောင်ဖြစ်မသွားပေ။ သူကအလွန်ထက်မြတ်သူဖြစ်သည်။ သူကကောလန်၏သူ့အပေါ် စကားချိုချိုများကအတုအယောင်သာ ဖြစ်ပြီး ကျုံးကူ‌ ပေါ်သာ စစ်မှန်ကြောင်းသိသောကြောင့် အစတည်းကပင် သူ့အတွက်လွတ်လမ်းရှာခဲ့ပြီးသား ဖြစ်သည်။
  
     သို့သော်ထွက်ပြေးရာလမ်းတွင်နတ်ဆိုးမြောင်များနှောက်ယှက်ခံရပြီး မတော်တဆမူနဲ့တိုး‌သည်။

     ပိုင်ကုကို တစ္ဆေတကောင်က တားခဲ့သည်။

     သူကအနက်ရောင်ဝတ်စုံနှင် တဝက်တပျက်ပုံပျက်နေ၍ Shura နှင့်တူကာ သူ့လက်မောင်းထဲတွင် သေနေသောအနက်ရောင်ခွေးတ‌စ္ဆေဝိဉာဉ်၏ ခေါင်းကိုပိုက်ထားသည်။တစ္ဆေကအလွန်ထူးခြားသည်။ သူ့ထံတွင် သွေးနှင့်နတ်ဆိုးအငွေ့သတ်များမရှိပဲ ဘသူ့ကိုမှမသတ်နိုင်သည့် အားနည်းသောတစ္ဆေနှင့်တူသည်။ သို့သော်ကျုံးကူသည် ‌အန္တရယ်၏ အငွေ့သတ်ကြောင့် ပွတ်လောရိုက်နေလေသည်။ တစ္ဆေကစကားမပြောပဲ သူ့ကိုစိုက်ကြည့်ရုံသာကြည့်နေသည်။ အပူချိန်မရှိသောလေထုနှင့် အေးစက်စက်မျက်လုံးကပင် ပိုင်ကုကို တုန်ယင်စေသည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now