Ch 73- Whiiite

221 46 2
                                    

|| Unicode ||

    " ကြီးမြတ်တဲ့ဓမ္မဘုရင်ဖေးရဲ့ မူလအမည်ကဖေးချန် လို့ခေါ်တယ် သူရာထူးအောက်မှာ သံဘုန်ကြီးရှစ်ပါးရှိပြီး ခွန်အားအားဖြင့်တော့ ဓမ္မစောင့်ရှောက်သူ ရဲ့အထက်မှာရှိတယ်"

    ဟွိုက်ရှင်းသည် မနက်ဖြန်တွင် ဗုဒ္ဓဘာသာပညာပြိုင်ပွဲသွားပြိုင်ရမည်ဖြစ်ပြီး ဤသို့‌သော်ငယ်ရွယ်လှ‌သည့်ကလေးတစ်ယောက်ပြိုင်ပွဲသွားရမည်ကိုမြင်ရသည်မှာအမှန်ပင် စိတ်ပူပန်စေလေသည်။

    " သံကျိုင်း ကိုပြုလုပ်တဲ့သံဘုန်းကြီးကို ကောဖိုင်ဝူကျစ် တောင်တန်းက Danlajebtsu ကျောင်းတော်ရဲ့ မန္တာန်ကျောင်းမှာ‌မွေးဖွားခဲ့တယ်။ သူကဗုဒ္ဓဘာသာသင်ကြားခြင်းနည်းတွေမှာအလွန်လေးနက်တယ်။ သူလွန်ခဲ့သောငါးနှစ်လောက်က တိဘက်ကထွက်ခွာခဲ့ပြီး လျှို့ဝှက်ကြာပန်းအသင်းတော်ကိုဝင်သွားခဲ့တယ်"

    ဟွိုက်ရှင်းမျက်နှာထက်တွင် နားမလည်နိုင်သောလေးနက်သည့်အမူယာကိုဖော်ပြနေပြီး သူမျက်မှောင်ကြုတ်ထားကာ " ဒါက Danlajebtsu ကျောင်းတော်ကဘုန်းကြီးတွေ လျှို့ဝှက် ကြာပန်းအသင်းတော်မှာ ရောထွေးနေတာကိုပြတာပဲ ဒါကတကယ်ကိုပဲ...‌alas"

    Lama Sima Gyatso သည်လည်း Danl‌ajebtsu ကျောင်းတော်ကမွေးထုတ်ခဲ့ခြင်းဖြစ်သည်။သို့သော် *တူညီတွေဆန်တွေကနေ လူပေါင်းရာချီမွေးထုတ်ပေးတာပဲ(*တူညီသောပတ်ဝန်းကျင်၌နေထိုင်ကြသောလူများဖြစ်သည့်တိုင် လူတိုင်းသည် အတွေးခေါ်မှုနှင့် လုပ်ဆောင်ချက်များတွင်အနည်းငယ်မျှတော့ကွဲပြားကြသည် ) ။ ဘုန်းတော်ကြီးများသည် စွဲလန်းမှုဇောအဟုန် နှင့်စိတ်ဆန္ဒမရှိပဲ မွေးဖွားလာခဲ့သည်မဟုတ်။ သူတို့သည် လောကဇာတ်ခုံပေါ်ရှိ ကြီးပွားချမ်းသာလိုသောဆန္ဒများ၏ဆွဲဆောင်ခြင်းအားခံရမည်သာဖြစ်သည်။

    " ထင်းကန်၄၄၄ကိစ္စဖြစ်တည်းက ဆရာသခင်က ယိုဖောတန်ထင်းကန်မှာဖြစ်နေတဲ့ သာမန်မဟုတ်တဲ့ပြောင်းလဲမှုတွေအတွက်အကြောင်းရင်းတွေလေ့လာစူးစမ်းနေခဲ့ပြီး Lama Sima Gyatso တို့ခေတ်က အကြွင်းအကျန်တွေကနေခြေရာခံနေတယ်"

    ဟွိုက်ရှင်း၏လက်ထဲတွင် ဝူရုန်ပေးထားသောဒူးရိုးခေါင်းလောင်ကိုကိုင်ထားသည်။ သူသည် ဟွမ်မောင်ဒူးပေါ် ငုပ်တုတ်ထိုင်နေသော မြွေပါလေးကိုကြည့်လိုက်ပြိးနောက် သူ့လက်များကိုဆုတ်လိုက်ကာ ဝူရုန်အားအလေးနက်ထားကျေးဇူးတင်လိုက်သည် " ဒါကအရမ်းကိုအရေးကြီးတဲ့သဲလွန်စပဲ"

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Tahanan ng mga kuwento. Tumuklas ngayon