Ch.3.2 Resonance

932 135 0
                                    

Unicode


     " အချိန်ပေးပါဦးနော် "
   
      ပြည်သူ့လုံခြုံရေးအပိုင်း ၇ မှ အထူးရဲ ၂ယောက်အနေဖြင့် ကိစ္စများစွာရှိသည်။ နောက်တနေ့မှာပဲ စုံစမ်းစစ်ဆေးမူကိုရပ် လိုက်လေသည်။ ဆာလောင်မူတစ္ဆေအပြင် ဝူရုန်သည် ဖုန်းတစ္ဆေအကြောင်းပါ အသေးစိတ် ပြောပြလာသည်။ ထို့နောက် ညလယ်ကြီးတွင် လမ်းကြားလေးထဲခေါ်သွား၍ ပျက်စီးသွားသောဖုန်းနှင့် မီးသွေးကဲ့သို့မဲနေသောပြာများကိုပြပေးလာသည်။

     သူသည် ကျိုးရွှမ်း၏ နံပါတ်ပါပြီးဖြစ်သော ဖုန်းတလုံးပါ ရလိုက်သည်။

     " ရဲဘော်ရေ၊ မင်းရဲ့ ဖော်ပြချက်အရဆိုရင် မင်းက D အဆင့်အထက်က တစ္ဆေ အချို့ရဲ့ စောင့်ကြည့်တာကို ခံနေရတာပဲ "
 
     ကျိုးရွှမ်ကလေးလေးနက်နက်ပြောလာသည် " ဒီဖုန်းက ဌာန ၇ ရဲ့ အထူးထုတ်ဖုန်း တလုံးပဲ။ မင်းခေါ်လိုက်တာနဲ့ ငါတို့ဆီစာရောက်ပြီး အမြန်ရောက်လာလိမ့်မယ်။ ပုံမှန်မဟုတ်တာနဲ့ကြုံရင် ငါ့ဆီချက်ချင်းခေါ်ပါ ။ တစ္ဆေနယ်မြေထဲ ရောက်တာတောင်ပုံမှန်အတိုင်းသုံး လို့ရနေလိမ့်မယ် "

     " ဟမ်"

     ဝူရုန်သည် ဘာကတစ္ဆေနယ်မြေ ဘာက ဌာန ၇ ဆိုသည်ကို တညလုံးစာ ပြောဆိုပြီးနောက် အကြမ်းဖျင်းနားလည်သွားလေသည်။ ဒီကမ္ဘာကတကယ်အန္တရယ်များတာပဲ။ လုံခြုံသည့် နယ်မြေ တွင် တောင် သာမာန်လူများသည် ဂရုမစိုက်မိလျှင် အသက်ဆုံးရူံးနိုင်လေသည်။

     ဝူရုန်သည် ကောင်းကင်သခင်ဖြစ်ရန် စွမ်းရည်မရှိမှန်းအတည်ပြုပြီးနောက်တွင် ဘာကြောင့်သရဲမွေးရန် ကျဆုံးရသည်ကို သဘောပေါက်သွားသည်။ ဒီကမ္ဘာတွင် အင်အားရှိသူများသာ လွတ်လပ်ပျော်ရွှင်သာ နေထိုင်နိုင်ပြီး သူ့အမေသည်လည်း သာမန်လူသာဖြစ်သည်။ ဤကမ္ဘာအတွက်သာမာန်လူများသည် မည်သည်မတော်တဆမူမဆို စဉ်းနှီတုံးပေါ်က ငါးကဲ့သို့ ခုခံနိုင်စွမ်းမဲ့လေသည်။

     ရှင်သန်ခြင်း သေဆုံခြင်းများနဲ့ ကြုံတွေ့ပြီးသည့်တိုင် ဝူရုန်က တည်ငြိမ်အေးဆေးနေသည်ကို တွေ့သဖြင့် ကျိုးရွှမ်သည် ပို၍သဘာကျမိလေသည်။ ဒီလူမှာခိုင်မာတဲ့ စိတ်စွမ်းအင်နဲ့ ကောင်းမွန်တဲ့သရဲထိန်းဖြစ်နိုင်ချေ ရှိတာတောင်  မဖြစ်နိုင်တာ ကံမကောင်းတာပဲ။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now