Part 1

912 155 18
                                    

(Unicode)

Anime ကြည့်ရသည်ကို အရူးအမူးစွဲလမ်းသည့် otakuလေး ကင်မ်ထယ်ယောင်းသည် တစ်ပတ်တိတိ ထမင်းမစား၊ရေမသောက်နှင့် One Piece Anime ကိုအခန်းတံခါးခတ်၍ ကြည့်ခဲ့သည် ။ ဆာလောင်မွတ်သိပ်သည့်ဒဏ်အား ကြိတ်မှိတ်ခံကာ anime ကြည့်ပြီးနောက်တွင်တော့ နောက်ထပ်အပိုင်းနှစ်ဆယ်လောက်ဆိုလျှင် ongoing မှီတော့မည်ဖြစ်သည် ။

သို့သော် အစာမရှိသည့် ဗိုက်ကဆန္ဒပြလာကာ တဆစ်ဆစ်ဖြင့်ထိုး‌အောင့်လာပြီး ကုတင်ပေါ်မှလိမ့်ကျသွားတော့သည် ။ ထို့နောက်တွင်တော့ အမြင်တို့ကဝေဝါးလာကာ နာကျင်နေသည့် ဝမ်းဗိုက်တစ်နေရာအား ဖိနှိပ်ရင်း အမြင်အာရုံကမှောင်အတိကျသွားလေသည် ။ ထိုကဲ့သို့မဖြစ်မှီ သူပြောခဲ့သည့်စကားတစ်ခွန်းက

“ ငါ့စွန့်စားခန်းက မရောက်သေးဘူးလေ fuc*k ”

----------------------------

အဆာလွန်၍ အမှောင်ထုထဲသို့ကျရောက်သွားသည့် ကင်မ်ထယ်ယောင်းသည် ရုတ်တရက်ချမ်းတုန်လာ၍ ကိုယ်လုံးအား ပုစွန်ထုပ်လေးကဲ့သို့ကွေးလိုက်သည် ။ ဤမျှလောက်နှင့်အဆင်မပြေတာကြောင့် ခြုံထားသည့်စောင်အောက်သို့ ပို၍တိုးဝင်လိုက်သည် ။ ထိုသို့ပြုလုပ်သော်လည်း သူ့မှာချမ်းနေဆဲပင် ။

ထို့ကြောင့် စိတ်မရှည်စွာဖြင့် အခန်းအပူချိန်မြှင့်တင်ရန် အပူပေးစက်ရီမုဒ်လေးအားလှမ်းယူလိုက်သည် ။ အပူပေးရီမုဒ်အား မတွေ့ခင်ခေါင်းရင်းဘေးတွင်ရှိနေသည့် ခပ်မာမာအရာတစ်ခုကိုတိုက်မိလိုက်တာကြောင့် ၎င်းသည် ကျယ်လောင်လှသည့်အသံဖြင့် အောက်ကျသွားသည် ။

“ ဟာ...ဘာကြီးလဲကွာ ”

အိပ်စုံမှုန်ဖွားနှင့်ထလာသည့် ထယ်ယောင်းသည် စိတ်မကြည်မလင်ဖြစ်နေ၏ ။ ထို့ကြောင့် ပတ်ဝန်းကျင်အား ကောင်းစွာသတိမထားမိသေးဘဲ ခြုံစောင်အား ကိုယ်တွင်ပတ်လိုက်ကာ ကုတင်ပေါ်တွင် တောင်ပူဆာလေးတစ်လုံးကဲ့သို့ ထိုင်၍အိပ်နေပြန်သည် ။ ဒီလိုအနေအထားက ဆန့်ဆန့်ကြီးလှဲအိပ်နေတာထက်စာရင် ပိုနွေးသည်လေ ။

“ ဒီ‌ကောင်လေးကတော့ ထိုင်လျက်နဲ့အိပ်နေပြန်ပြီ ”

အခန်းထဲသို့ဝင်လာသည့် အမျိုးသားတစ်ဦးသည် ထိုင်လျက်နှင့်အိပ်နေသည့် ထယ်ယောင်းကိုမြင်သည့်အခါ ခပ်တိုးတိုးရွတ်ဆိုလိုက်သည် ။ သို့သော် ထယ်ယောင်းက လုံးဝအိပ်ပျော်နေခြင်းမျိုးမဟုတ်ဘဲ မျက်ခွံလေးနေ၍မျက်လုံးမှိတ်ထားခြင်းဖြစ်လေရာ ခေါင်းမော့၍ လူစိမ်းအမျိုးသားအားမေးလိုက်သည် ။

Till The Death >ရိုးမြေကျ< |TK|Where stories live. Discover now