Part 7

336 81 9
                                    

(Unicode)

နောက်တစ်ရက်မနက်စောစောတွင် ဂျောင်ကုသည် ပုံမှန်ထက်ပိုစောစွာထပြီး မနက်စာအတွက်ပြင်ဆင်သည် ။ ဂေါင်ဂျင်မြို့သို့ ခရမ်းချဉ်သီးများပို့ရမည်ဖြစ်သည့်အပြင် ဝယ်စရာပစ္စည်းအချို့ရှိတာကြောင့် နောက်အကျဆုံး နေ့လည်ခင်းလောက်မှသာပြန်ရောက်မည်ဖြစ်သည် ။

ဂျောင်ကုက သူ့ဟာနှင့်သူဆိုလျှင် ထမင်းတစ်နပ်လောက်က မစားပဲနေလျှင်တောင်ကိစ္စမရှိသော်လည်း ယခုအခါတွင် အိမ်ထောင်ဦးစီးဖြစ်သွားပြီဖြစ်တာကြောင့် သူ့မိသားစုအတွက်တော့ ချက်ပြုတ်ရဦးပေမည် ။ ထို့ကြောင့် လွယ်ကူသည့် ဆန်ပြုတ်နှင့်ဟင်းရွက်ချဉ်ကိုသာပြင်ဆင်လိုက်သည် ။

ဂျောင်ကုတစ်ကိုယ်ထဲ မနက်စာစားပြီးသာ်အထိ ထယ်ယောင်းနှင့်မန်ချိုက မနိုးလာကြသေးပေ ။ ထို့ကြောင့် ဂျောင်ကုလည်း လိုအပ်သည့်ပစ္စည်းများကိုယူဆောင်ကာ နွားတင်းကုပ်ဆီသို့ထွက်လာတော့သည် ။

နွားတင်းကုပ်ဆီရောက်တော့ ဘူဂျာက နွားလှည်းအသင့်ပြင်ပြီးသွားပြီဖြစ်သည် ။

“ သူဌေး...နွားလှည်းကတပ်ပြီးသွားပြီ အသင့်မောင်းရုံပဲ ”

“ ဟုတ်ပြီ...ဘူဂျာ မင်းငါနဲ့ မြို့ကိုလိုက်ခဲ့...နောက်ပိုင်းတွေမှာ မြို့ကိုကိစ္စရှိရင် မင်းကိုပဲလွှတ်တော့မှာ...မင်းက လှည်းမောင်းတတ်တော့အဆင်ပြေတယ်လေ ”

“ ဟုတ်ကဲ့ သူဌေး...ဒါဆို ကျွန်တော့်အမျိုးသမီးကို အကျိုးကြောင်းပြောလိုက်ဦးမယ် ”

“ အင်း...ခပ်သွက်သွက်လုပ် ”

ထို့နောက် ဘူဂျာက နွားတင်းကုက်အနီးနားတွင်ရှိသည့် တဲအိမ်လေးထဲသို့ဝင်သွားသည် ။ ဘူဂျာနှင့်သူ့အမျိုးသမီးဖြစ်သည့် မြောင်ဂျာက အခြားရွာမှပြောင်းရွေ့လာကြသူများဖြစ်ပြီး ဂျောင်ကု၏မွေးမြူရေးခြံစောင့်အဖြစ် လုပ်ကိုင်ကြသူများဖြစ်သည် ။ ဂျောင်ကုသည် ဖြစ်သလိုဝတ်တတ်စားတတ်သော်လည်း အလုပ်အကိုင်နှင့်ပတ်သက်လျှင် လောဘရှိတာကြောင့် မြောင်ဘုတ်ရွာတွင် အတော်အသင့်ချမ်းသာသည့် လူချမ်းသာဖြစ်သည် ။

တဲအိမ်လေးထဲမှ ဘူဂျာပြန်ထွက်လာသည့်အခါ၌ နှစ်ယောက်စလုံး လှည်းပေါ်တက်လိုက်ကြပြီး ခရမ်းချဉ်သီးများတင်ဆောင်ရန် စိုက်ခင်းထဲသို့သွားကြသည် ။ စိုက်ခင်းထဲရောက်တော့ စိုက်ခင်းစောင့်ဖြစ်သည့်လီဂွမ်က ခရမ်းချဉ်သီးတောင်းများကို ဂိုထောင်ထဲမှထုတ်ထားနှင့်ပြီးဖြစ်သည် ။ ထို့ကြောင့် ခရမ်းချဉ်သီးတောင်းများကို လှည်းပေါ်သို့တင်လိုက်ပြီး လီဂွမ်ကိုပါမြို့သို့လိုက်ပါရန် ပြောသည် ။ လီဂွမ်က ယခုထိတိုင် လူလွတ်ဖြစ်တာကြောင့် ဂိုထောင်တံခါးနှင့် သူနေထိုင်ရာအိမ်တံခါးကိုသေချာပိတ်ပြီး နွားလှည်းပေါ်သို့တက်လိုက်သည် ။ ထို့နောက် သုံးဦးသားမြို့သို့တက်သွားကြသည် ။

Till The Death >ရိုးမြေကျ< |TK|Where stories live. Discover now