Part 6

615 123 15
                                    

(Unicode)

နောက်တစ်ရက်မနက်ပိုင်းတွင် လက်သမားဆရာကြီးဖူသည် သူ့လက်ထောက်များကိုခေါ်၍ ဂျောင်ကုအိမ်သို့ရောက်လာကြပြီး သူတို့နှင့်အတူ သစ်များကိုပါသယ်လာကြသည် ။ ဆရာကြီးဖူတို့ရောက်လာချိန်တွင် ဂျောင်ကုတို့မိသားစု မနက်စာစားပြီးခါစဖြစ်သည် ။

“ ဆရာကြီးဖူတို့ရောက်လာကြပြီလား...အထဲအရင်ဝင်ထိုင်ကြပါဦး ”

ဂျောင်ကုက ဆရာဖူနှင့်လက်ထောက်သုံးယောက်အား ခရီးဦးကြိုပြုသည် ။ ထယ်ယောင်းကတော့ ထိုသူတို့နှင့်စိမ်းသက်နေသေးတာကြောင့် စားပြီးသားပန်းကန်များကိုသာသိမ်းကာ ဆေးကြောရန်ပြင်လိုက်သည် ။ မန်ချိုကတော့ ထယ်ယောင်းနောက်သို့တကောက်ကောက်လိုက်၍ ပန်းကန်များသိမ်းကူနေသည် ။

ပန်းကန်များကို အိမ်နောက်ဖက်သို့ယူလာပြီးနောက်တွင် ထယ်ယောင်းသည် အင်္ကျီလက်ကိုပင့်တင်ကာ ကောက်ရိုးအချို့ကိုကောက်ယူလိုက်သည် ။ ထိုခေတ်က ပန်းကန်ဆေးဆပ်ပြာနှင့်အိုးတိုက်ဖော့တို့မရှိတာကြောင့် ပန်းကန်ဆေးရန်အတွက် အမွေးတိုင်ပြာ သို့မဟုတ် ကောက်ရိုးပြာတို့ကိုသာအသုံးပြုကြသည် ။ ပန်းကန်တိုက်ဖို့ရန်အတွက်တော့ ကောက်ရိုးကိုဆုပ်၍သာ တိုက်ရသည် ။

ရှေးခေတ်တွင်နေထိုင်ရသည့်ဘဝက ထင်သလောက်မလွယ်ကူချေ ။ ခေတ်ကာလက ဖွံ့ဖြိုးတိုးတက်မှုမရှိတာကြောင့် နှစ်ဆယ့်တစ်ရာစုကလာသည့် ထယ်ယောင်းအတွက် အတော်လေးအခက်အခဲဖြစ်လှသည် ။ လျှပ်စစ်မီးမရှိ ၊ တီဗီမရှိ ၊ ဆိုဖာမရှိ ၊ ဝိုင်ဖိုင်မရှိနေရသည့်ဘဝက အင်မတန်ပျင်းရိဖွယ်ကောင်းသည် ။

မြောင်ဘုတ်ရွာသည် ချောင်း၊မြောင်းတို့အင်မတန်ပေါများသော်လည်း ရေအများစုကို လယ်ထဲသို့သာသွင်းတာကြောင့် ကိုယ်ပိုင်သုံးစွဲရန်အတွက် အနည်းငယ်အလှမ်းဝေးသည့် ချောင်းကြီးတစ်ခုစီ သွားခပ်ရသည် ။ ထယ်ယောင်းတို့အသုံးပြုနေသည့်ရေသည် ဂျောင်ကုကိုယ်တိုင် ချောင်းထဲဆင်းခပ်ထားရသည့်ရေများဖြစ်သည်။

ဂျောင်ကုသည် မနက်မိုးမလင်းခင်ကတည်းက ထမင်းဟင်းချက်ရသည် ။ ထို့နောက် စိုက်ခင်းသို့သွားကာ ကြီးကြပ်ရသေးသည် ။ ဒါတင်မက နေ့လည်စာ၊ညစာတို့ကိုပါချက်ပြုတ်ရသည့်အပြင် ရေလည်းခပ်ရသေးသည် ။ ထို့ကြောင့် တစ်နေကုန်ဘာမှမလုပ် ထိုင်နေသည့်ထယ်ယောင်းလည်း ဂျောင်ကုကိုအားနာတာကြောင့် တောက်တိုမယ်ရလေးတွေ လုပ်ကူဖြစ်သည် ။ ထို့ပြင် ဂျောင်ကုရေခပ်သက်သာစေရန် ရေတွင်းတစ်ခုတူးရန်ကိုလည်းစဉ်းစားမိသည် ။

Till The Death >ရိုးမြေကျ< |TK|Where stories live. Discover now