Part 8

327 86 12
                                    

(Unicode)

တစ်မနက်လုံးလုပ်စရာအလုပ်မရှိသည့် ထယ်ယောင်းသည် ဆရာကြီးဖူတို့အလုပ်လုပ်နေချိန်၌ အိမ်ရှေ့သို့သွားကာ သစ်ကိုင်းခြောက်လေးတစ်ခုရှာ၍ အိမ်ခြံဝန်းပြုပြင်မည့်ပုံကြမ်းလေးကို မြေကြီးပေါ်ချဆွဲနေသည် ။ ရေတွင်းတူးဖော်သည့်ပုံစံမှစ၍ အိပ်ခန်းတွင်းအလှဆင်မည့်ပန်းတို့အား အကြမ်းဖျင်းရေးဆွဲထားသည်မှာ အလုပ်ကြီးတစ်ခုနှယ် ။

ထိုစဉ် ပိတ်ထားသည့် ခြံဝန်းတံခါးလေးသည် အပြင်မှအနည်းငယ်တွန်းဖွင့်ခံလိုက်ရတာကြောင့် အနည်းငယ်ဟလာသည် ။ ထယ်ယောင်းလည်း ဂျောင်ကုပြန်လာသည်ဟုထင်လိုက်သော်လည်း ထိုအစား သေးငယ်သည့်ခေါင်းသေးသေးလေးက အပြင်မှအထဲသို့မဝံ့မရဲလှမ်းကြည့်လာသည် ။ ၎င်းက ငယ်ရွယ်သေးသည့် ကလေးမလေးတစ်ဦးဖြစ်သည် ။

“ ဟေး...မင်းက ဘယ်သူလဲ ”

ကိုင်ထားသည့် သစ်ကိုင်းခြောက်ကိုမြေပေါ်သို့ပစ်ချလိုက်ပြီးနောက် လက်တွင်ကပ်နေသည့်ဖုန်များကိုခါလိုက်ရင်း အနှီကလေးမလေးအား ထယ်ယောင်းလှမ်းမေးလိုက်သည် ။

“ သမီးရဲ့အိမ်ဘေးကို သူငယ်ချင်းတစ်ယောက်ရောက်လာတယ်ဆိုလို့ လာရှာတာပါ ”

ထယ်ယောင်းသဘောပေါက်သွားသည် ။ သူမလေးက ဘေးအိမ်ကအိမ်နီးချင်းကလေးမလေးဖြစ်သည်ပဲ ။

“ ဝင်လာခဲ့လေ အဲ့တိုင်းကြီးမနေနဲ့ ”

“ ဟုတ်ကဲ့ ”

ကလေးမလေးက ရိုသေစွာအသံပြုပြီးနောက် ခြံဝန်းထဲသို့ဝင်လာကာ ထယ်ယောင်းထိုင်နေသည့် လှေကားခြေရင်းတွင်လာထိုင်သည် ။

“ သမီးနာမည်ဘယ်လိုခေါ်လဲ ”

“ လုလီလီ...အသက်က သုံးနှစ်နဲ့တစ်ဝက်ရှိပြီ ”

ထယ်ယောင်းမအံ့ဩတော့ ။ ကလေးမလေးက သုံးနှစ်ခွဲအရွယ်သာရှိသေးတာကြောင့် စကားပြောသံမှာ သိပ်မပီပြင်သေး ။ သို့သော်လည်း သုံးနှစ်ခွဲအရွယ်နှင့်မလိုက်အောင်အကြောက်လန့်ကင်း၍ သွက်လက်လွန်းသည် ။ ပြောရလျှင် ထယ်ယောင်းဆိုသည်မှာ သူမအတွက် သူစိမ်းသာသာလူတစ်ယောက်သာဖြစ်သည်လေး ။ ဒါကို လုလီလီလေးက ဘေးချင်းကပ်ထိုင်၍ စကားပြောနေသည် ။

Till The Death >ရိုးမြေကျ< |TK|Where stories live. Discover now