Part 9

315 68 6
                                    

(Unicode)

ဂျောင်ကုအိမ်ထဲသို့ရောက်သည့်အခါ ဆရာကြီးဖူတို့ကိုနှုတ်ဆက်လိုက်ပြီးနောက် မီးဖိုချောင်သို့တန်းတန်းမတ်မတ်ဝင်သွားသည် ။ မီးဖိုချောင်သို့ရောက်သည့်အခါ ဘူဂျာကလည်း နွားလှည်းမှချစရာရှိသည်များကို ချထားပြီးဖြစ်သည် ။ ထို့နောက် ဂျောင်ကုနှင့်ထယ်ယောင်းတို့ကိုနှုတ်ဆက်ကာ နွားလှည်းယူ၍ မွေးမြူရေးခြံသို့ပြန်သွားသည် ။

ဂျောင်ကုက လက်ထဲတွင်ချီထားသည့် မန်ချို‌ကိုချကာ အင်္ကျီလက်ကိုပင့်တင်ကာ လက်ကိုသေချာစွာဆေးကြောပြီးနောက် ဟင်းချက်ရန်ပြင်သည် ။ နေ့လည်စာစားချိန်က နီးနေပြီဖြစ်တာကြောင့် အလျင်လိုနေပြီလည်းဖြစ်သည် ။

" ဦးဦး...ဒီနေ့ဘာဟင်းချက်မှာလဲ "

လုလီလီအသံကြားမှသာ ဟင်းပွဲပြင်ရန်သာစိတ်အားထက်သန်နေသည့် မိသားစုသုံးယောက်သား လုလီလီ၏တည်ရှိမှုကိုအမှတ်ရတော့သည် ။

" ဝက်သားငရုတ်ပွကြော် "

ဂျောင်ကုက ဝက်သားတစ်တုံးကို ရေဆေးရန်ရေဇလုံတစ်ခုထဲထည့်ရင်းပြန်ဖြေသည် ။

" ဪ...ဟင်းကောင်းတာပဲ ဒါဆိုသမီးရောဒီမှာပဲနေ့လည်စားလို့ရလား "

" ရပါတယ်...အခုဝောာ့ မန်ချိုနဲ့သွားဆော့ဦးနော်...စားသောက်ဖို့ပြင်ဆင်ပြီးရင် ဦးဦးလာခေါ်မယ် "

ထယ်ယောင်းက ဆက်ပြောလိုက်ခြင်းပင် ။ ထိုအခါမှ မန်ချိုကလည်း ပစ်ထားခဲ့မိသည့် သူငယ်ချင်းမလေး၏လက်ကိုကိုင်၍ အပြင်သို့ခေါ်ထုတ်သွားသည် ။ ရှက်ပြုံးလေးပြုံးပြရန်ကလည်းမမေ့ ။ လုလီလီကတော့ သူမကိုမေ့သွားသည့်မန်ချိုအား နှုတ်ခမ်းဆူပြရင်းလိုက်ပါသွားသည် ။

မန်ချိုနှင့်လုလီလီတို့ထွက်သွားသည်နှင့် ဂျောင်ကုက ဝက်သားထည့်ထားသည့်ဇလုံကို အပြင်ယူသွားကာ သေချာစွာဆေးကြောလိုက်သည် ။ ပြီးနောက် ဝက်သားကိုအပြားလေးဖြစ်အောင်လှီးလိုက်သည် ။ ထို‌စဉ်ထယ်ယောင်းကတော့ ငရုတ်ပွစိမ်းများကိုရေဆေးနေသည် ။

ဂျောင်ကုက ဟင်းပွဲအတွက်လိုအပ်သည့် ကြက်သွန်ဖြူကိုဓားပြားရိုက်ပြီး ဂျင်းကိုလည်းအခွံခွာကာ အမျှင်လေးဖြစ်အောင်လှီးထားလိုက်သည် ။ ၎င်းတို့ပြုလုပ်ပြီးသွားသည့်နောက် ရွံ့စေးတို့ဖြင့်မွမ်းမံထားသည့် မီးဖိုကြီးကိုမီးထည့်ပြီး ဒယ်ဆောက်ကိုလည်းမီးဖိုပေါ်သို့တင်ထားလိုက်သည် ။ အိုးမပူလာမီ ဂျောင်ကုကိုယ်တိုင်ပြုလုပ်ထားသည့် ဝက်ဆီခဲကိုအိုးထဲသို့အနည်းငယ်ထည့်လိုက်သည် ။

Till The Death >ရိုးမြေကျ< |TK|Where stories live. Discover now