Part 2

694 152 30
                                    

(Unicode)

(A/N : တစ်ခု‌လောက်ပြောစရာရှိလို့...ငါးဆားနူဆိုတာကလေ ဆန်ကုန်မြေလေးလို့ပြောချင်တာပါနော်...ဆားနယ်ထားတဲ့ငါးမဟုတ်သလို ထယ်ယောင်းရဲ့နာမည်အရင်းလည်းမဟုတ်ရပါနော်...ဒီတိုင်း ဘာအလုပ်မှလည်းမလုပ် ငွေအသုံးဖြုန်းကြီးတဲ့ လူပေါ်ကျော့သူဌေးသားမလို့ ဆန်ကုန်မြေလေးလို့ပြောမဲ့အစား ငါးဆားနူလို့တင်စားလိုက်တာပါ ')

----------------------------

ဝိဉာဏ်ကူးပြောင်းလာခြင်းအား လက်ခံလိုက်ရပြီးနောက်တွင် ထယ်ယောင်းသည် စိတ်ဓာတ်ကျစွာဖြင့် ကင်မ်အိမ်တော်တွင်သောင်တင်နေရသည် ။ သူကူးပြောင်းလာခဲ့သည့် ခန္ဓာကိုယ်၏နာမည်ကလည်း ကင်မ်ထယ်ယောင်းဖြစ်ပြီး အသုံးအဖြုန်းကြီးလှသည့် ငါးဆာနူတစ်ယောက်ဖြစ်သည် ။

ယခင် otaku ဖြစ်ခဲ့သည့် ထယ်ယောင်းမှာတော့ သူ့အားငါးဆားနူဟုခေါ်ချင်းအပေါ် ဂရုမစိုက်သော်လည်း ယခုထိတိုင်လက်ခံရန်ခက်ခဲနေသည့် အမှန်တရားကတော့ သူ့တွင် ကာမပိုင်လင်ယောင်္ကျားရှိနေသည်တဲ့ ။ ယောင်္ကျား‌နော် ယောင်္ကျား ။ မိန်းမ,မဟုတ်တဲ့ ယောင်္ကျားတဲ့ ။

ထယ်ယောင်းက လိင်တူလက်ထပ်ခြင်းအပေါ် မနှစ်မြို့ခြင်းတို့မဖြစ်သော်ငြား ဤရှေးခေတ်တွင် အဘယ်ကြောင့် လိင်တူလက်ထပ်ခြင်းတို့ကရှိနေရသနည်းဟု တွေးနေမိသည် ။ သို့သော်လည်း သူ့ခေါင်းထဲတွင် ကြည့်ခဲ့သည့် anime များ ၊ Mukbang များမှလွှဲ၍ အခြားမရှိ ။ မူရင်းပိုင်ရှင်၏ မှတ်ဉာဏ်နည်းနည်းလေးပင်မကျန်ခဲ့တာကြောင့် သူ့မှာအလွန်အခက်တွေ့ရသည် ။ ထို့ကြောင့် သူ့ယောင်္ကျားဆိုသူ၏ ပုံစံကိုလည်း သူ့မှာမမြင်ဖူးပဲရှိနေသည် ။

“ ဖေဖေ...ကျွန်တော် ဗိုက်ဆာသေးတယ် ”

ထယ်ယောင်းစဉ်းစားခန်းဖွင့်နေခိုက် ဝမ်းမနာသားလေးမန်ချို၏အသံကြားတာကြောင့် ကလေးကိုငုံကြည့်လိုက်၏ ။ ယခုသူတို့က အိမ်ရှေ့လှေကားထစ်လေးပေါ်တွင် ထိုင်နေကြခြင်းဖြစ်ပြီး မန်ချိုက ဘန်းမုန့်လေးများစားနေသည် ။

“ မင်းသုံးချပ်တောင်စားပြီးသွားပြီလေ...အဲ့ဒီဗိုက်‌သေးသေးလေးက ဆန့်သေးတယ်ပေါ့ ”

Till The Death >ရိုးမြေကျ< |TK|Where stories live. Discover now