Part 10

554 97 23
                                    

(Unicode)

ထယ်ယောင်းအိမ်သို့ပြန်ရောက်သည့်အချိန်တွင် ဂျောင်ကုက အိပ်ခန်းအတွင်းမှအိပ်ရာများကိုပြင်ဆင်ပြီးသွားပြီဖြစ်သည် ။ မန်ချိုလေးအတွက် ကုတင်နှင့်မွေ့ရာတို့အပြင် ကုတင်မရှိသေးသည့် သူတို့နှစ်ယောက်အတွက်လည်း သင့်လျော်သည့် မွေ့ရာနှင့်အခင်းလွှားများကိုပါပြင်ဆင်ပြီးသွားပြီဖြစ်၏ ။ နွေရာသီဖြစ်တာကြောင့် ခြင်ပေါလွန်း၍ ဇာပါးပါးနှင့်ချုပ်ထားသည့် ခြင်ထောင်ကပါအသင့်ရှိနေသည် ။

“ ပြန်ရောက်ပြီလား ”

ပခုံးတစ်ဖက်တွင် ပဲပိစပ်အိတ်ကိုထမ်းရင်း လက်တစ်ဖက်မှအင်္ကျီလက်လေးကို တခါခါနှင့်အိမ်ထဲဝင်လာသည့် ထယ်ယောင်းကို အိပ်ခန်းထဲမှထွက်လာသည့်ဂျောင်ကုကလှမ်းမေးသည် ။

“ အင်း ခင်ဗျားဘာတွေလုပ်နေတာလဲ ”

“ အိပ်ရာတွေလုပ်နေတာလေ ပြီးသွားပြီ...ဘယ်သွားပြီးပြန်လာတာလဲ ”

“ အဖိုးဆီခဏသွားတာ ”

ထယ်ယောင်းက ပြောရင်းဆိုရင်း ထမ်းထားသည့် ပဲပိစပ်အိတ်ကို ထောင့်တစ်နေရာတွင်ချရင်း ဆက်ပြောသည် ။

“ အဖိုးက ပဲပိစပ်တွေပေးလာတယ်...ကျွန်ဝော်တို့သောက်ရအောင်တဲ့...ခက်တာက ကြိတ်ဖို့ကျောက်ဆုံလည်ကြီးမရှိတာပဲ ”

“ ဒါကမခက်ပါဘူး...အစ်ကိုလုဆီမှာရှိတယ် ”

“ အိုး...ဒါဆို အဆင်ပြေတာပေါ့...ကျောက်ဆုံလည်ခဏငှားသုံးပြီး သူတို့မိသားစုကိုလည်း ပဲနို့နည်းနည်းခွဲပေးလိုက်မယ် ”

အစ်ကိုလုဆိုတာက လုလီလီလေးရဲ့အဖေဖြစ်ပြီး မြောင်ဘုတ်ရွာမှာအခြေမချက နေရာအနှံ့လျှောက်သွားသည့်ကုန်သည်ဖြစ်သည် ။ နောက်ပိုင်း ပြည်မကြီးကအစ်မလုနှင့်အိမ်ထောင်ကျသည့်အခါမှသာ မြောင်ဘုတ်ရွာတွင် လယ်လုပ်ရင်းအခြေချနေထိုင်သူဖြစ်သည် ။ ယခင်ကကုန်သည်ဖြစ်တာကြောင့် အစ်ကိုလုတွင်အဆက်အသွယ်များစွာရှိပြီး ဆန်စပါးကုန်သွယ်ရေးအတွက် များစွာအထောက်အကူရသည် ။ ထို့ကြောင့် အစ်ကိုလုသည်လည်း မြောင်ဘုတ်ရွာ၏ အရေးပါသူပင် ။

You've reached the end of published parts.

⏰ Last updated: May 02, 2023 ⏰

Add this story to your Library to get notified about new parts!

Till The Death >ရိုးမြေကျ< |TK|Where stories live. Discover now