Part 3

644 146 17
                                    

(Unicode)

ဂျောင်ကုကိုယ်တိုင်ကပဲ စကားနည်း၍လားမသိ ။ အိမ်ပြန်သည့်လမ်းတစ်လျှောက်တွင် ထယ်ယောင်းအား မေးခွန်းတစ်ခုမျှပင်မမေးပဲ ဆိတ်ဆိတ်နေသည် ။ တကယ်ဆို ဘာကြောင့်ထွက်ပြေးသွားရတာလဲ ? ဘာကြောင့် ကလေးမွေးစားရတာလဲ ? စတဲ့ စတဲ့ မေးခွန်းမျိုးတွေမေးသင့်သည်လေ ။

မန်ချိုက သူနှင့်စိမ်းသက်နေသေးသည့် ဂျောင်ကု၏လည်ပင်းကိုဖက်တွယ်ထားကာ စူးစမ်းစွာဖြင့် ဂျောင်ကု၏မျက်နှာကိုလည်း စိုက်ကြည့်နေသေးသည် ။ ထို့နောက် မန်ချိုက ထယ်ယောင်းကိုကြည့်လာကာ

“ ဖေဖေ...သားက ဒီလူကို ဘယ်လိုခေါ်ရမှာလဲဟင် ? ”

မန်ချိုက ငါးနှစ်သာလျှင်ရှိသေးသော်လည်း ဉာဏ်အလွန်ကောင်းသည် ။ ထို့ကြောင့် လွန်ခဲ့သည့်သုံးရက်အတွင်း ကြားဖူးသည့်စကားများနှင့် ဒီနေ့အဖိုးဖြစ်သူ၏စကားများအရ သူ့ကိုချီထားသူသည် သူ့ဖေဖေ၏ခင်ပွန်းဖြစ်ကြောင်းသိသည် ။

ထယ်ယောင်းက ခေတ္တစဉ်းစားဟန်ပြုလိုက်ပြီး

“ ဖေဖေကြီးလို့ခေါ်ပေါ့...ဘာလို့ဆို ဖေဖေတို့နှစ်ယောက်လုံးက သားရဲ့ဖေဖေတွေလေ...ဒါကြောင့် ဖေဖေ့ကိုဖေဖေလို့ခေါ်ပြီး ဖေဖေကြီးကိုက ဖေဖေကြီးလို့ခေါ် ”

မန်ချို အနည်းငယ်ခေါင်းရှုပ်သွားသော်လည်း ဂျောင်ကု၏မျက်နှာချောချောကို ပြန်ကြည့်ကာ တိုးညှင်းစွာခေါ်လိုက်သည် ။

“ ဖေဖေကြီး ”

“ အင်း ”

ဂျောင်ကုက ပြန်ထူးလာသည် ။ ဂျောင်ကု၏မျက်နှာက တည်တင်းနေသော်လည်း မန်ချိုကိုပြန်ထူးသည့်အသံကတော့နူးညံ့လျက် ။

တစ်ဆယ့်ငါးမိနစ်ခန့်လမ်းလျှောက်လာပြီးနောက်တွင် သူတို့သုံးဦးသည် ဂျောင်ကု၏အိမ်လေးသို့ရောက်လာကြသည် ။ ကြီးမားလှသည်မဟုတ်သော်ငြား မိသားစုသုံးယောက်နေထိုင်ရန်အတွက်တော့ လုံလောက်သည် ။

အိမ်ပြန်ရောက်တော့ ဂျောင်ကုကမန်ချိုကိုချီထားရာမှချလိုက်ပြီး စားဖိုဆောင်သို့ဝင်သွားသည် ။ ထယ်ယောင်းကတော့ စိမ်းသက်နေသည့်နေရာလေးအား ဟိုကြည့်ဒီကြည့်ဖြင့်စူးစမ်းနေသည် ။

Till The Death >ရိုးမြေကျ< |TK|Where stories live. Discover now