Part 5

655 128 13
                                    

(Unicode)

မနက်စာစားပြီးနောက်တွင် ဂျောင်ကုသည်အိမ်တံခါးကိုပိတ်လိုက်၍ ထယ်ယောင်းနှင့်မန်ချိုကိုခေါ်ကာ ရွာအလယ်ပိုင်းရှိ ဆရာကြီးဖူဆီသို့သွားကြသည် ။ သွားနေသည့်လမ်းတစ်လျှောက်တွင် မန်ချိုကငြိမ်ငြိမ်လေးမသွားပဲ ဘေးပတ်ဝန်းကျင်တစ်လျှောက်ကို စူးစမ်းနေသည် ။

ထယ်ယောင်းနှင့်ဂျောင်ကုကတော့ ကလေးသဘာဝအရစူးစမ်းနေသည့် မန်ချိုကိုကြည့်နေကာ သူတို့၏နှုတ်ခမ်းထောင့်လေးသည်လည်း ပြုံးယောင်သန်းနေသည် ။ ရွာလမ်း၏ဘေးတစ်လျှောက်တွင် စပါးစိုက်ပျိုးရန်အတွက်လျာထားသည့် မြေကွက်များရှိပြီး ၎င်းတို့သည် ရေများပင်ဖြည့်သွင်းထားပြီးဖြစ်သည် ။ ယခုသည် မေလဖြစ်တာကြောင့် ရွာသားတို့သည် မကြာခင်မှာပင် စပါးပျိုးပင်များစိုက်ကြတော့မည်ဖြစ်သည် ။

ဆရာကြီးဖူဆီရောက်တော့ ဂျောင်ကုသည်လောကွတ်စကားအနည်းငယ်ပြောပြီးနောက် အခန်းအတွက်လိုအပ်သည့်သစ်များအကြောင်းပြောတော့သည် ။

“ ဆရာကြီးဖူ...ကျွန်တော်တို့ရဲ့အခန်းကို နှစ်ကန့်ခွဲဖို့အတွက် သစ်တွေလိုလို့ပါ ”

ဆရာကြီးဖူးက အသက်ငါးဆယ်ကျော်အရွယ် ပိန်ပိန်ပါးပါးနှင့်နှုတ်ခမ်းမွှေးကားကားရှိသည် ။

“ ‌ကောင်းပြီ...ဒါဆို လိုအပ်တဲ့သစ်ပမာဏနဲ့အရွယ်အစားသိဖို့ မင်းတို့အိမ်ကိုသွားကြတာပေါ့...ဒါပေမဲ့ အရင်ဆုံးထိုင်ပြီး ရေနွေးသောက်ကြဦး ”

ယခုမှရောက်လာသည့် ဂျောင်ကုတို့လည်း မငြင်းတော့ဘဲ ဆရာကြီးဖူဧည့်ခံသည့် ရေနွေးကိုသောက်လိုက်‌သည် ။ ခဏကြာတော့ ဆရာကြီးဖူသည် လိုအပ်သည့်ပစ္စည်းကိရိယာများယူကာ ဂျောင်ကုတို့နောက်သို့ လိုက်သွားသည် ။ ဂျောင်ကုတို့အိမ်ရောက်တော့ ဆရာကြီးဖူက လိုအပ်သည့်အတိုင်းအတာများကိုတိုင်းသည် ။

“ ဆရာကြီးဖူ...အပြီးအစီးပြီးဖို့ဆို ဘယ်လောက်ကြာမလဲ ? ”

ထယ်ယောင်းက ဂျောင်ကုနံဘေးတွင်ရပ်နေရင်းမေးလိုက်သည် ။

“ သစ်တွေကအဆင်သင့်ရှိတယ်...ဒါကြောင့် နှစ်ရက်အတွင်းပြီးလိမ့်မယ် ”

Till The Death >ရိုးမြေကျ< |TK|Where stories live. Discover now