မောင့်အပိုင်သက်ထား part 1

1.6K 41 0
                                    

သာယာလှတဲ့စေးညီပင်ရွာတစ်ရွာရဲ့မနက်ခင်းမှာပဲကောက်စိုက်သမလေးတေအုပ်စုဖွဲ့စကားစမြည်ပြောနေကြသည်။

"ဟဲ့ကောင်မတေကြားပြီးပြီလားတော့်"ဟုနာမည်နဲ့မလိုက်အောင်ရှည်မြောသည့်အရပ်ကိုပိုင်ဆိုင်ထားတဲ့ရွာသူမိပုမကစကားစလိုက်သည်။
ထို့နောက်သူမ၏အပေါင်းအပါကောက်စိုက်သမများကနောက်မှလိုက်၍

"ဘာတုန်းမိပုမရဲ့ ညည်းဟာကအဆုံးမရှိအစမရှိ ​​ပြောစမ်းကျုပ်တို့ကိုဘာတုန်း"တခြားအပေါင်းအပါကောက်စိုက်သမများကပါခေါင်းတငြိမ့်ငြိမ့်နဲ့ထောက်ခံကြသည်။

ထိုတွင်မိပုမကစကားဆက်ပြောလေသည်။

"ညည်းတို့နဲ့အေ ခတ်သရော ကိုယ့်ရွာသတင်းကိုယ်မသိဘူးလားအေ့"ဟုထမီကိုမ၍မာန်ပါပါပြောလိုက်သည်။

အပေါင်းအပါကောက်စိုက်သမလေးထဲကတစ်ယောက်ကမိပုမဘက်လှည့်၍
"အမလေးကြီးတော်မိပုရယ် ကြီးတော်ကသူကြီးနဲ့အနီးကပ်နေရသူလေ အဲ့ဒီတော့ ကျွန်မတို့က ကြီးတော်လောက်တော့ ဘယ်သတင်းစုံစုံသိရမလဲ ကဲပါပြောပါ စကားပုလင်တွေခံမနေနဲ့"ဟုကောက်စိုက်သမလေးကပြောပြီးလျှင် မိပုမသည်ခေါင်းငြိမ့်၍

"အေးပါအေပြောပါ့မယ် သူကြီးလေသူကြီးပေါ့အေ "ဆို၍စကားစပြောပြီးရေနွေးကြမ်းကိုဇိမ်ပါပါနဲ့ယူသောက်နေလိုက်သည်။

ထိုအခါကောက်စိုက်သမလေးများသည် လှုပ်လှုပ်ရှားရှားဖြစ်ပြီး တစ်ယောက်တစ်ပေါက်မေးနေကြသည်။

"ကြီးတော်ဆက်​ပြောလေတော်"
"အဲ့တာကြီးနောက်မှသောက်ပါကြီးတော်ရယ် ပြောပါတော့်"
"ဘာဖြစ်တာလဲကြီးတော့သူကြီးဘာဖြစ်လို့လဲ"ဟုတစ်ယောက်တစ်ပေါက်​ပြောနေကြသည်။

သူကြီးအကြောင်းဆိုတဲ့ရွာကလူတေအကုန်စိတ်ဝင်စားကြတာမလွဲပဲကို။ဘာလို့ဆိုသူတို့သူကြီးကတခြားရွာကသူကြီးတွေလို ကွမ်းတပြစ်ပြစ်နဲ့လူအိုကြီးမှမဟုတ်ပဲ သူတို့စေးညီပင်ရွာကသူကြီးက အသက်၃၃နှစ် တောင့်တောင့်ဖြောင့်ဖြောင့် ရင်အုပ်ဆိုလဲကြက်ခြံတောင်တက်ဆောက်လို့ရအောင်ကျယ်သကိုး တောသားပီပီအသားကညိုညို နှာတကံစင်းစင်း ဇင်ယောမျက်ခုံးနဲ့ မျက်လုံးဆိုလဲဘုရင်တေခေတ်ကစစ်သူကြီးတေများစုပြုံဝင်စားသလာမှတ်ရအောင် စူးရှုတောက်ပနေတာများ မြင်သူမိန်းမသားတိုင်းပစ်ကြွေချင်စရာကြီးလေ။ ခြုံငုံပြောရရင်သူတို့သူကြီးရာဇာဘနိုင်ပုံစံကမိန်းမသားတိုင်းအားကိုးချင်စရာကောင်းလောက်အောင်ကို ယောက်ျားပီသနေသည်။

မောင့်အပိုင်သက်ထားWhere stories live. Discover now