မောင့်အပိုင်သက်ထား part 8

814 29 2
                                    

"သက်ထားရေ မောင်လာတယ်..." မနက်စောစောခြံမှာအာပြဲကြီးနဲ့လာအော်တဲ့ရာဇာဘနိုင်ကြောင့်ဘေးခြံတွေကပါဟိုကြည့်ဒီကြည့် ကြည့်နေကြသည်။

"ဟဲ့ သူကြီးနဲ့မြို့သူဧည့်သည်နဲ့က သမီးရည်းစားတွေ ဖြစ်သွားပြီလာတော့်"

"အေ ဟုတ်ပုံရတယ် သူကြီးပြောတဲ့ပုံကလဲ သူ့ကိုသူမောင်ဆိုတော့ အဟေး ကျုပ်တို့သူကြီးတော့စွန်ပြီထင်တယ်ဗျို့" သက်ထားတို့ရဲ့ ဘေးခြံက အပျိုကြီးညီအမနှစ်ယောက်ဖြစ်တဲ့ဒေါ်ဘုတ်ခင် နှင့် ဒေါ်စာခင်တို့က နောက်ပိုင်းကစကားလေးကို မကြားတကြားအော်ပြောလိုက်သည်။
ဒါကိုကြားသော ရာဇာဘနိုင်က သက်ထားနှင့်တွေ့ရင် သေသပ်ခန့်ညားစေဖို့မနက်ထဲကပြင်ဆင်ကာ၀တ်လာတဲ့ပုဆိုးကိုတိုတို ပြင်၀တ်လိုက်ပြီး... ထိုညီအမနှစ်ယောက်ဘက်လှည့်ပြီး...

"ကဲ....ခင်များတို့တိုးတိုးနေကြပါဗျာ ဒီမှာကျုပ်ချစ်သူက အရှက်ကကြီးရကြီးနဲ့ ခင်များတို့အာပြဲကြီးနဲ့ အော်တော့ ဟိုကရှက်ပြီးထွက် မလာတော့ဘူး တကယ်ထဲမှပဲ...."

ဘနိုင်စောင့်ကြီးအောင့်ကြီးပြောပြီး သက်ထားအိမ်ထဲကို၀င်သွားလိုက်သည်။

"အို...ရှင်ဘာလို့၀င်လာတာလဲ ဟိုမှာပတ်၀န်းကျင်ကစောင်းမြောင်းပြောနေတာတောင်" သူထင်တဲ့အတိုင်း ရှက်၍ အိမ်တံခါး၀လေးကိုကွယ်ပြီး ရပ်နေတဲ့ချစ်ရတဲ့သက်ထားလေးကိုတွေ့ လိုက်သည်။ ရှက်နေတာလေးကိုက ဆွဲကိုင်လှုပ်ပစ်ချင်စရာလေးအတိ။

"အော်ဗျာ.....မကောင်းတာပြောတာမှမဟုတ်တာ ပြီးတော့တကယ်လဲကျုပ်တို့ကသမီးရည်းစားတေပဲဟာ မဟုတ်ဘူးလားသက်ထားရဲ့... ကဲ ပါလာထိုင်ပါအုန်း"
သူမျအိမ်ထဲ၀င်လာပြီးသူ့အိမ်သူ့ယာလို နေရာထိုင်ခင်းတွေပေးနေတဲ့ကိုတတ်ပကို မျက်စောင်းလေးပစ်မိရင်း....

"ဒါ...ကျွန်မနေတဲ့အိမ်ပါ ရှင်ဟိုထိုင်ဒီထိုင်ပြောစရာမလိုပါဘူး" ဟုပြောပြီးတမင် သူထိုင်ခိုင်းသည့်နေရာမှာမထိုင်ပဲသူနှင့်ဝေးဝေးမှာသွားထိုင်လိုက်သည်။

"အော်....မောင့်သက်ထားကမောင်နဲ့ခွာပြီးနေနေတယ်ပေါ့ ရတယ် ရတယ်မောင်လာခဲ့မယ်.."

မောင့်အပိုင်သက်ထားWhere stories live. Discover now