မောင့်အပိုင်သက်ထား part 9

773 28 2
                                    

မောင်နှင့်ရုပ်ရှင်တူတူကြည့်ပြီး ရုံထဲကအထွက်တွေ့လိုက်ရတဲ့လူကြောင့်သက်ထားမျက်နှာလေးတည်တင်းသွားရသည်။

"သက်ထား ပြီးရင်မောင်တို့တစ်ခုခုသွားစားကြမလား သက်ထားဗိုက်ဆာနေပြီဟုတ်"
အပြုံးလေးနှင့်အတူလှည့်မေးလာတဲ့ ချစ်သူကြောင့်မျက်နှာထက်အပြုံးကိုပြန်တင်ရင်း

"ဟုတ်သွားမယ်လေ"
ဟုပြောပြီးရုံထဲကထွက်မည်အလုပ် အနားကိုရောက်လာတဲ့ ကိုမျိုးနိုင်ထွန်း။

"သက်ထားက ကိုနိုင့်ကိုတွေ့ရဲ့သားနဲ့ နှုတ်တောင်မဆက်ဘူးနော်"

"အဟွန်း သက်ထားကအဝေးကဆိုတော့ သေချာမမြင်လိုက်ရလို့ပါ"

သက်ထားဘေးကိုလာပြီး အသိတစ်ယောက်လိုစကားလာပြောပြီး ပုဆိုးကိုခါးပတ်နှင့်တွဲဝတ်ထားသည့်လူကို ကြည့်၍ ဘနိုင်အကဲခတ်လိုက်သည်။ သက်ထားအပေါ်ကြည့်တဲ့ မျက်လုံးတွေကမရိုးသားမှန်းသိသာသည်။ သက်ထားနှင့်သူဘယ်လိုပတ်သက်ပါလိမ့်။

"အော်....ဖြစ်ရမယ်ကိုယ့်သက်ထားကတော့"

*ဘာ...ကိုယ့်သက်ထား ပြောနေပုံက ငါနော်.....ပိတ်ထိုးလိုက်ရမကောင်းရှိတော့မယ်*

"အော်...မိတ်ဆက်ပေးရအုန်းမယ်"

အတွေးထဲမှာသကောင့်သားကိုပိတ်ထိုးနေတုန်း သက်ထားရဲ့စကားသံကြောင့်အသိဝင်လာသည်။

*မိတ်ဆက်ပေးလိုက်ပါသက်ထားရယ်မောင်ကသက်ထားရဲ့အချစ်ကလေးပူတူးလေးဆိုတာ အာ့ကောင်သိအောင်ပြောလိုက်စမ်းပါ *

"ဒါက"

"အော်....ကိုယ်မေ့လို့ ရုံးမှာ အ​ရေးကြီးကိစ္စ ရှိသေးတာကို သွားလိုက်အုန်းမယ်နော်သက်ထား ပြီးတော့မှာချင်တာက အိမ်ကိုပြန်လာပါတော့သက်ထားရယ် ကိုယ်စိတ်ပူလှပြီ တောချုံအုံကြားမှာ အနေထိုင်ကြပ်ရောပေါ့သက်ထားရဲ့"

ပြောချင်တာစွပ်ပြောပြီး ချာကနဲလှည့်ထွက်သွားတဲ့ ကိုနိုင်ကြောင့် သက်ထားမိတ်တောင်မဆက်ပေးလိုက်ရပါ။ ဒါမဲ့ပြောသွားသည့်စကားထဲတွင် ကိုယ့်ချစ်သူဖြစ်သူရွာကိုပုတ်ခတ်သွားသောကြောင့် မချိမခံသာလေးဖြစ်သွားတာတော့အမှန်ပင်။ အတွေးလေးတွေကိုပြန်ရုတ်ပြီး......

မောင့်အပိုင်သက်ထားحيث تعيش القصص. اكتشف الآن