မောင့်အပိုင်သက်ထား part 10

756 26 0
                                    

ခေါက်ဆွဲကြော်ဆိုင်ကအပြန် မြို့ထဲလမ်းပတ်လျှောက်နေလိုက်သည်။

"ကိုဘနိုင်ပြန်မယ်လေ တော်ကြာနေဝင်တော့မှာမမှောင်ခင်ပြန်ရအောင်"

ဘာမှပြန်မပြောပဲမသိချင်ယောင်ဆောင်နေတဲ့သူ့ကြောင့်သက်ထားထပ်ခေါ်မိသည်။

"ကိုဘနိုင် ဟေ့ ဘာဖြစ်ပြန်တာတုန်းသက်ထားရှင်းပြပြီးပြီလေ.."

ဟုတ်သည်သက်ထားသူ့ကိုအကြောင်းဆုံအမှန်တိုင်းရှင်းပြပြီးဖြစ်သည်။ အိမ်ကထွက်လာပြီးဒီရွာကိုလာနေရတဲ့အ​ကြောင်း စောနကကျက်သရေယုတ်အကောင်နဲ့ ဘယ်လိုပတ်သတ်မှုရှိကြောင်းကိုသက်ထားရှင်းပြထားသည်။

သက်ထားနှင့်ဟိုကျက်သရေယုတ်ရဲ့ ပတ်သတ်မှုကိုသူကြားကြားပြီးချင်း သက်ထားကိုစိတ်မချတော့တာအမှန်ပါ မြို့ပြန်တာနဲ့ သက်ထားမိခင်ကအတင်းပေးစားတော့မည့်ပုံပင်။
မဖြစ်ဘူး သက်ထားကိုအမြန်လက်ထက်မယ် ဒီရွာကဘယ်မှပေးမသွားနိုင်ဘူး။

"ဟာ...ရှင်နော် ဘာဖြစ်ပြန်တာတုန်းလို့"

"ကိုဘနိုင်.."သက်ထားစိတ်မရှည်ပဲစူဆောင့်ဆာင့်လေးခေါ်လိုက်သည်။

"ဟမ်.....ကိုဘနိုင်ကဘယ်သူလဲဒီနားမှာမရှိပါဘူး"

သူ့ကိုခေါ်တာကိုမသိဟန်ဆောင်ပြီး ခေါင်းလေးယိမ်းပြီးဟိုရှာဒီရှာလုပ်နေတဲ့ပုံကအသည်းယားစရာ။

သက်ထား နောက်ဆုံးတစ်ခေါက် စိတ်ရှည်ရှည်ထားပြီး.....
"မောင်...."

"ဗျာ......"

ဟောသိပါပြီအကြောင်းအရင်း သူ့ကို မောင်လို့မခေါ်ပဲဘနိုင်လို့ခေါ်လို့ မသိချင်ယောင်ဆောင်နေတာကို...။တက်လဲတက်နိုင်တဲ့လူကိုသက်ထားမျက်စောင်းလေးထိုးမိလိုက်ရင်း။

"ပြန်မယ်လို့ မှောင်တော့မယ် တော်ကြာရွာကလူတွေတစ်မျိုးထင်နေအုန်းမယ်"

"တစ်မျိုးမထင်အောင် မောင်တို့လက်ထက်ကြမလား"

"ဟမ်"

"အဟင်း မောင်ပြောတာက သက်ထားကိုအခုတောင်လာကြောင်ချင်တဲ့ကောင်ကခပ်များများရယ် အာ့တော့ ကိုယ့်အပိုင်ဖြစ်ထားမှကိုယ်စိတ်ချနိုင်မှာပေါ့သက်ထားရဲ့"

မောင့်အပိုင်သက်ထားWhere stories live. Discover now