မောင့်အပိုင်သက်ထား part6

825 24 0
                                    

ဆရာ၀န်၏အနားမှာလူနာစောင့်ရှိမှရမယ်ဆိုသောစကားကြောင့် သက်ထားဘနိုင်ဘေးမှာနေပြီးသူ့ဝေယာဝစ္စတွေလုပ်ဖို့အကြောင်းဖန်လာခဲ့သည်။ကြီးကြီးသက်လုပ်ပေးရင်ရပေမဲ့ ကြီးကြီးသက်ကပါအရေးကြီးဆိုပြီးခရီးထွက်သွားရသည်။ထို့ကြောင့်ဘနိုင်ရှိတဲ့ဆေးရုံကိုမနက်ဆိုသွားညနေဆိုအိမ်ပြန်နှင့်တစ်ရက်တာကိုဖြတ်သန်းဖို့ဖြစ်လာသည်။

"သက်ထားရေ မောင့်ဆီလာပါအုန်း ရေဆာလို့"

သက်ထားဆေးရုံကုတင်ဘေးကစင်မှာတင်ထားတဲ့ရေဘူးကိုဖွင့်ခွက်နဲ့ထည့်ပြီးတိုက်လိုက်သည်။

"တော်ပြီလား သောက်အုန်းမလားကိုဘနိုင်"

"တော်ပြီသက်ထား"

"အွန်း ပြီးရော"
ရေကိုတယုတတိုက်ပေးသည့်ချစ်ရသူလေးကြောင့်ဘနိုင်မျက်နှာမှာအပြုံးကအထင်သား။ ဒီလိုဂရုစိုက်မှုတွေလိုချင်လို့ တမင်ဆရာ၀န်ကိုပြော ငွေပုံပေးပြီး အရေးပေါ်လူနာလိုလိုဘာလိုလိုနဲ့ဆေးရုံမှာအခန်းယူပြီးနေနေလိုက်သည်။ အိမ်မှာနားမယ်ဆိုရင်သက်ထားကလာမှာမဟုတ်ထို့ကြောင့်ဆေးရုံကိုပဲသူရွေးလိုက်ခြင်းဖြစ်သည်။

"သက်ထားရေ"

"ဟင် ပြော"

"မောင့်ကိုလေ.."

"ကိုဘနိုင် ရှင့်ကိုရှင်မောင်လို့မပြောနဲ့လို့ကျမပြောထားတယ်လေ"

"ဘာလို့လဲသက်ထားကလဲ လှပါတယ် မောင့်သက်ထားလေးကလဲ"

ဗိုက်မှာသာဒဏ်ရာရနေတာ မျက်နှာကစပ်ဖြီးဖြီးဖြစ်နေတဲ့သူ့ကိုသက်ထားမျက်စောင်းလေးပစ်ထိုးလိုက်သည်။ *ရုပ်ကိုကဟိုနေ့ကဓားပြတွေကိုဆဲပြီးကြိမ်းမောင်းနေတဲ့ရုပ်နဲ့များကွာပါ့*

"အဟက် အာ့လိုမကြည့်နဲ့..သက်ထားရဲ့"

"ကြည့်တော့ဘာဖြစ်တုန်း"

"ကြည့်တော့ဖက်နမ်းချင်တာပေါ့ဗျ"

"အို.."
သူ့အပြောကြောင့်မျက်နှာလေးပန်းရောင်သန်းသွားသောသက်ထားကိုကြည့်ပြီးသူသဘောကျစွာရယ်လိုက်သည်။

"မောင့် သက်ထားရှက်တာလေးကချစ်စရာလေး အဟက် အော်..ချစ်စရာဆိုမှ...."
သက်ထားကိုစိုက်ကြည့်လာသောသူ့ကြောင့်ဘာလဲဆိုသည့်သဘောဖြင့်မျက်ခုံးပင့်ပြလိုက်သည်။

မောင့်အပိုင်သက်ထားWhere stories live. Discover now