မောင့်အပိုင်သက်ထား part 2

961 39 3
                                    


မနေ့ကမာမီနဲ့အငြင်းပွားရန်ဖြစ်တဲ့ကိစ္စကိုတွေးပြီးသက်ထားတစ်ယောက် အတွေးပင်လယ်ထဲလက်ပစ်ကူးနေမိသည်။

"မာမီကသူဖြစ်ချင်တာမဖြစ်သရွေ့ရပ်မှာမဟုတ်ဘူး သက်ထားခံစားချက်ကိုဘာလို့ထည့်မတွေးရလဲ... ပုံစံခွက်ထဲနေရတာပင်ပန်းလာပြီ မာမီ ချုပ်ကိုင်ချင်တိုင်းချုပ်ကိုင်နေတာသက်ထားကိုအရုပ်လို့များထင်နေတာလားမာမီရယ်...မဖြစ်တော့ဘူး ငါတစ်ခုခုလုပ်ရတော့မယ် ဒီပုံတိုင်းဆိုငါမချစ်တဲ့သူနဲ့လက်ထက်ရတော့မယ်"

ဟုတ်သည်။သက်ထားကလျာ မျိုးနိုင်ထွန်းကိုမချစ်ပါ။အရင်ကချစ်ခဲ့သည်မှန်ပေမဲ့ ယခုအချိန်တွင်ဟိုစဥ်ကသိခဲ့ဖူးသည့်သံယောဇဥ် ကလွဲရင်သက်ထားကလျာမှာ မျိုးနိုင်ထွန်းနှင့်ပတ်သက်၍ဘာအချစ်မှမရှိတော့ပါ။
ထို့ကြောင့် သက်ထားကလျာဆုံးဖြတ်ချက်တစ်ခုချလိုက်သည်။

"သက်ထားအိမ်ပေါ်ကဆင်းမယ် မာမီသက်ထားဆန္ဒကိုလိုက်လျောနိုင်တဲ့နေ့မှပြန်လာမယ် မာမီ့ပုံစံခွက်ထဲမှာမနေလဲ သက်ထားဘာသာရပ်တည်နိုင်တယ်ဆိုတာ မာမီသိသွားစေရမယ်"

အိမ်ပေါ်ကဆင်းရမည်ကို၀မ်းနည်းကြောက်ရွံပင်မဲ့လဲ ပြတ်သားမှရတော့မည်မလား။ဒါပေမဲ့ ဘယ်သွားရမလဲ ဘယ်အကူညီတောင်းရမလဲမသိတာအခတ်သား။
ထို့နောက် ငယ်သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်တဲ့ အေးသွင်ကို သတိရလိုက်သည်။ သူချက်ချင်းအေးသွင်ရှိသောစေးညီပင်ရွာကိုသွားရန် ဆုံးဖြတ်လိုက်သည်။ထိုဆုံးဖြတ်ချက်နှင့်အတူ မိခင်ဖြစ်သူအတွက်နှုတ်ဆက်စာတစ်စောင်ရေးခဲ့လိုက်သည်။

စာတွင်
       
       မာမီသမီးမာမီ့သဘောအတိုင်း အိမ်ပေါ်က ဆင်းသွားပါပြီ။ မာမီ့ဘက်က သမီးဆန္ဒကို လိုက်လျောပေးနိုင်မယ်ဆိုမှ သမီးပြန်လာခဲ့ပါ့မယ်။ သမီးခြေထောက်ပေါ် သမီးရပ်တည်နိုင်အောင် ကြိုးစားပါ့မယ်။ စိတ်မပူပါနဲ့ နှုတ်ဆက်ခဲ့ပါတယ်မာမီ။
         
                                သမီး
                                   သက်ထားကလျာ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
စေးညီပင်ရွာ ၏မနက်ပိုင်းတစ်ခုတွင်

"ပဲပြုတ်ပူပူလေး ပဲပြုတ်ပူပူလေး...."

"ဟေ့ လာအုန်းပဲပြုတ်" ဟုအေးသွင်လှမ်းခေါ်လိုက်သည်။

မောင့်အပိုင်သက်ထားWhere stories live. Discover now