မောင့်အပိုင်သက်ထား part 5

875 31 2
                                    

ဓားပြအဖွဲ့က သူ့အသဲကျော်သက်ထားလေးကိုလက်ကိုကြိုးချည် ပါးစပ်ကိုအ၀တ်စည်းပြီး ခေါ်သွားဖို့ပြင်နေတာကို သူတွေ့တော့ ဒေါသတွေကထိန်းမရဖြစ်သွားရသည်။

"ငါ့ရွာကိုလာပြီးငါ့အပိုင်ကိုလာထိတယ် တော်တော်ရဲတင်းနေတယ်ပေါ့ ကိုမေကိုလ*ုးတွေ"

"၀ူး ၀ူး အွမ်းးး " အေးသွင်နဲ့ သက်ထားသည်သူ့ကိုအားကိုးတကြီးဖြင့်ကြည့်လာ၍ အော်နေသည်။

"​ေ*ာက်ကောင်မတွေ နားညီးတယ်ပါးစပ်ပိတ်ထားစမ်း"

"၀ူး အွမ်းး အွမ်းးး " မိမိနှင့်မိမိသူငယ်ချင်းကို ​ေ*ာက်ကောင်မလို့ပြောလိုက်သောကြောင့် ဒေါသထွက်ကာ သက်ထားပါးစပ်အ၀တ်စည်းခံထားသည့်ကြားက ရန်စွာလိုက်သည်။

"အားပါးပါး အစွာလေးပဲ ကြိုက်တယ်ကွာဒါမျိုးကို"

"မင်းပါးစပ်ပေါက်ကိုပိတ်လိုက် အာခေါင်ကို ၀ါးလုံးချွန်နဲ့အထိုးမခံချင်ရင်" ဘနိုင်လက်ကြောတွေထောင်နေတဲ့လက်နဲ့ လက်ညိုးထိုးပြီးဆိုလိုက်သည်။သူဒေါသအလွန်ထွက်နေသည်မှာပြောစရာပင်မလို။ အသားညိိုညိုကဒေါသအရှိန်ကြောင့်နီမြန်းနေသည်။

"ဘယ်ကအိုကြီးအိုမကောင်လဲ ဘ၀ကူးချင်နေပြီထင်တယ် ဟေ့ရောင်တွေ စောက်စကားရှည်တဲ့ကောင်ကို ကိစ္စတုံးပေးလိုက်"  ထိုင်လျက်ရှိသောသက်ထားရှေ့က ခေါင်းဆောင်ဟန်ရှိသူသည် သူ့တပည့်တပန်းတွေကိုအော်ပြောလိုက်သည်။

"လာစမ်းပါ အိုကြီးအိုမဆိုတဲ့ကောင်အကြောင်းမကြားဖူးဘူးနဲ့တူတယ် လူမိုက်လောကထဲရောက်နေပြီး ရာဇာဘနိုင်တောင်မသိတာ စောက်ငဒူတွေမှန်းသိသာတယ်"
ဓားပြအဖွဲ့ထဲမှလူတစ်ဦးသည်တွန့်သွား၍ ကပျာကယာအဖွဲ့ထဲမှာထွက်လာကာ ဘနိုင်ခြေသလုံးကိုဖက်၍

"ကိုဘနိုင်ရယ် ကျွန်တော်မသိလို့ပါတောင်းပန်ပါတယ် သူတို့အတင်းခေါ်လို့ ကျွန်တော်ပါရတာပါ ကိုဘနိုင်ရွာမှန်းသိရင် ကျွန်တော်ဘယ်လာမလဲဗျာ ခွင့်လွှတ်ပေးပါဗျာ ဒီတစ်ခါပါပဲကိုဘနိုင်ရယ်"

"ဟေ့ ခင်ဗျာဘာအချိုးချိုး တာလဲကျုပ်တို့အဖွဲ့ကိုသစ္စာဖောက်ရင်တော့အိုးစားကွဲသွားမယ်နော်" လူမိုက်ခေါင်းဆောင်သည် အဖွဲ့ထဲမှထွက်၍ရာဇာဘနိုင်ခြေထောက်ကိုကပ်တွယ်၍တောင်းပန်နေသောသူ့လူကိုကြည့်၍ ပြောလိုက်သည်။

မောင့်အပိုင်သက်ထားWhere stories live. Discover now