မောင့်အပိုင်သက်ထား part 4

978 30 1
                                    

သူမလေးပြန်သွားတဲ့ထိခုန်နေသောနှလုံးသားကြောင့်ရာဇာဘနိုင် မျောက်မီးခဲကိုင်သလိုဖြစ်နေရသည်။
သူ့စိတ်ထဲသူမနဲ့ပတ်သတ်တာအရာမှန်သမျှစိုးမိုးနေသည်။
"ဟာ.....ခတ်တာပဲ ဘာလုပ်လုပ်လုပ် အဆင်ကိုမပြေဘူး မလုပ်တော့ဘူးကွာ"

"အော်...တစ်ယောက်သောသူကတော့လွန်ခဲ့တဲ့၃နာ ရီလောက်ကတွေ့ခဲ့တဲ့မြို့ကဧည့်သည်ကိုလွမ်းနေပြီထင်တယ်ဗျို့" ဒေါ်သက်သားဖြစ်သူကိုစနောက်လိုက်သည်။

"ဟာဗျာ အမေအော်ကြီးဟစ်ကျယ်နဲ့ ပေါက်ကရတေလျှောက်မပြောပါနဲ့ဗျာ"

"ဟဲ့ ဘာတွေရှက်နေတာလဲ ကြိုက်ရင်ကြိုက်တယ် ချစ်ရင်ချစ်တယ်ပေါ့"

"အာ့လိုမဟုတ်ပါဘူး...."

"ဟဲ့မင်းယောက်ျားမဟုတ်ဘူးလား မင်းစိတ်တောင်မင်းသေချာမသိတော့ဘူးလား အေနင်မသိပေမဲ့ ဘေးကထိုင်ကြည့်တဲ့ငါကအသိကြီးဟေ့ ငါ့သားငါမွေးထားတာ နင်ဘာဖြစ်လဲငါအကုန်သိတယ် ကိုယ့်ကိုကိုယ်လိမ်မနေနဲ့" နဂိုထဲကသားဖြစ်သူကို မိန်းမပေးစားချင်နေသည့်အတွက် သားဖြစ်သူမိန်းမရဖို့အရေး အားသွန်ခွန်စိုက်ကြိုးစားရမည်ဟု ဆုံးဖြတ်လိုက်သည်။

"အမေကျုပ်အသက်က ၃၀ကျော်နေပြီ ပြီးတော့ကျုပ်ကလူမိုက် သူ့ကိုနုနုထွတ်ထွတ်လေးနဲ့မတန်ပါဘူးဗျာ" ညိုးငယ်ယောင်ရှိသော မျက်နှာထားနှင့်ဆိုလိုက်သည်။

ဒေါ်ဒေါ်သက်တစ်ယောက် သားဖြစ်သူသဘောထားကို သဘောပေါက်လိုက်သည်။ သူထိုမိန်းကလေးကို ချစ်နေသော်လည်း မလိုက်ဖက်ဘူး မတန်ဘူးဟုထင်ကာ ရှေ့ဆက်မတိုးရဲဖြစ်နေသည်ကို သိလိုက်သည်။
"ဟဲ့ ငါ့သားအမေ့ကိုကြည့် လူလူချင်းမတန်ဘူးဆိုတာမရှိဘူး အချစ်ရှိဖ်ို့ပဲလိုတာ မင်းသူ့ကိုချစ်တယ်မဟုတ်လား ကြိုးစားရမှာပေါ့ သူလဲအပျို မင်းလဲလူပျို နှစ်ယောက်လုံးလူလွတ်ကြီးပဲ မဖြစ်နိုင်စရာမရှိဘူး ပြော ငါ့သားအာ့ကလေးမအပေါ် မေတ္တာရှိတယ်ဟုတ် တန်တာမတန်တာတွေဘေးခနထား"

ရာဇာဘနိုင်ခနတွေဝေပြီးစဉ်းစားလိုက်သည်။ထို့နောက် ပြုံးဖြီးသောမျက်နှာထားဖြင့်
"ဟီးဟီးး ဟုတ်တယ်အမေ သက်ထားကို ကျွန်တော်ချစ်တယ်"

မောင့်အပိုင်သက်ထားWhere stories live. Discover now