မောင့်အပိုင်သက်ထား part 12

859 29 1
                                    

စိတ်ပူပူနဲ့ မြန်မြန် လမ်းလျှောက်သွားလိုက်တာ ရောက်ပါပြီ သူမသူငယ်ချင်းစီ.....ဆံပင် တလှည့်စီဆွဲနေကြတဲ့ အေးသွင်နဲ့ တခြားမိန်းကလေးတစ်ယောက်။

"ဟယ်...အေးသွင် ဘာဖြစ်နေကြတာလဲ တော်တော့လေ အော်အနာတရတွေဖြစ်ကုန်တော့မှာပဲ..အေးသွင် ရပ်လိုက်တော့"

"အမယ်လေး နင်နေစမ်းပါ သက်ထားရယ် ဒီဟာမရဲ့ ပေါက်ကရထွက်​တဲ့ပါးစပ်ကို ငါဆွဲပါဖြဲပစ်အုန်းမှာ"

"ဟဲ့ကောင်မ ငါပြောတာမဟုတ်လို့လား" တစ်ဖက်ကမိန်းကလေးကလဲအလျော့ပေးမယ့်ပုံတစ်ချက်မှမပေါ်...ဘေးလူတွေ ဝင်ဆွဲမလားကြည့်တော့လဲ ပွဲကြည့်သလိုကို ကြည့်နေတာ

"ကြီးကြီးတို့ တားကြအုန်းလေ..."

"အမယ်လေး...လွှတ်ထားလိုက်ပါတော် ဒါရွာထဲဖြစ်နေကြကိစ္စ သူတို့ဝင်ဆွဲရင်ကိုယ်ပါနာမှာ အာ့တော့သူကြီးဒီရောက်တဲ့အထိ ထိုင်ကြည့်ဖို့ပဲရှိတယ်မိန်းကလေးရေ..."

ပြောမရတဲ့အဆုံး သက်ထားရန်ပွဲထဲဝင်ပြီး လူခွဲပေးဖို့ ပြင်လိုက်သည်။

"ကဲကဲ တော်ပါတော့အေးသွင်ရယ် လာလာ သူ့ဆံပင်ကို ဆက်မဆွဲထားတဲ့တော့လေဟဲ့.....လက်လွှတ်လိုက်တော့..."

"ဟဲ့...ငါမဆွဲရင် သူဆွဲမှာပေါ့သက်ထားရဲ့ နင့်ဖယ်ပါဟယ်...ထိကုန်မယ်....အမယ်လေး လေး......ကောင်မချိုမာ အရမ်းတွေအားရှိနေတယ်ပေါ့ ဟက်လား အေးလာစမ်း ကောင်မ"
ဆိုပြီး ချိုမာရဲ့ ခေါင်းကဆံပင်ကိုကိုင်ဆွဲပြီး ခေါင်းကို ဝှေ့ချပလိုက်တဲ့အေးသွင်။ အေးသွင်ရဲ့ဝှေ့ချမှုကြောင့် ချိုမာမြေပြင်ပေါ်ကို ဖင်ထိုင်ရက် အင့်ကနဲပြုတ်ကျသွားသည်။

"ကောင်မ...နင်ကငါ့ကိုများ သေမယ်သာမှတ် နင်ကော ငါ့သူကြီးကိုမြူစွယ်တဲ့ နင့်သူငယ်ချင်းဆိုတဲ့ကောင်မကော လာစမ်း....."
ဟုဆိုပြီး မြေပြင်ပေါ်က ကုန်းရုန်းထလိုက်တဲ့ချိုမာ

တပြိုင်နက်ထဲ အေးသွင်ရဲ့ ဆံပင်နဲ့အတူ သက်ထားရဲ့ဆံပင်ကိုပါလာဆွဲသည့်ချိုမာ
"ကောင်မ နင်ငါ့သူငယ်ချင်းကိုလွှတ်လိုက်စမ်း...."

"အ အားးးးအမယ်လေး ဘာလုပ်တာလဲ လွှတ် နာတယ် စကားနဲ့ပြော လက်မပါနဲ့လေ......"
သူ့ဆံပင်ကိုဆွဲထားတဲ့ ချိုမာဆိုသည့် မိန်းကလေးလက်ကို ပြန်ကိုင်ရင်း သက်ထားပြောလိုက်သည်။

မောင့်အပိုင်သက်ထားWhere stories live. Discover now