2(zawgyi)

2.3K 26 1
                                    


"ဟော့ဒီ ဘူးညွှန့် ၊ ဖရုံညွှန့် ၊ ကန်စွန်းရွက် ၊ ချည်ပေါင်ရွက် ၊ ငရုတ်သီးစိမ်း ၊ ကိုင်းခရမ်းသီး ၊ ခရမ်းချည်သီး ၊ ဆူးပုတ်ရွတ်တွေရမယ်နော်"

ရွာလမ်းအတိုင်း အော်လာတဲ့ဈေးသည်လေးက တစ်အိမ်ဝင် တစ်အိမ်ထွက်နဲ့ ဟင်းရွက်မကုန်သမျှရောင်နေရတော့သည်။ မိုးတွင်းမို့ ရွာလမ်းတွေက လျှော်နေတာမို့သတိထားရသည်။

" ရွှေပုံရေ လာပါဦးကွယ် "

"လာပြီ....အရီးလှမြိုင်ရေ"

ပြောရင်း ဈေးဗန်းလေးကို ရွက်ကာ အရီးလှမြိုင်တို့ ခြံထဲသို့ဝင်သွားလိုက်သည်။

"ကဲ့ အရီးရေ ဘာယူနလဲ ဟင်းရွက်ကသိပ်မရှိတော့ဘူးတော့ ဘူးညွှန့် ၁စည်းနဲ့ ဆူးပုတ် ၃စည်းပဲကျန်ပြီတော့"

"ကျုပ်လည်းအဲ့ဒါပဲယူမှာပါတော် ရွှေပုံရယ် ညည်းကိုကြည့်ရတာလည်း ကျုပ်ပင်ပန်းလိုက်တာတော် မနက်ဆိုရင်ကောက်စိုက်ရ ၊ ညနေဆိုရင်ဈေးထွက်ရောင်ရနေအေ ညည်းမပင်ပန်းဘူးလာကွယ်"

"အော် အရီးရေ ရွှေပုံတို့က ခန္ဓာကိုယ်လှုပ်မှ ပါးစပ်လှုပ်ရတာလေတော် ပင်ပန်းတယ်လို့တော့ ဘယ်ဟုတ်ပါ့မလေး အရီးရေ "

"အဲ့ဒါလည်းဟုတ်တာပဲလေ အဲ့ဒါကြောင့် ညည်းကိုကျုပ်ပြောပါတယ် ကျုပ်မောင်လှအောင် ကိုယူပါလို့ လှအောင် မိန်းမပွေရှုပ်ပေမယ့် ညည့်ကိုတော့တကယ်ချစ်ပါတယ်အေ"

"တော်ပါအရီးရယ် ရွှေပုံပြန်ရတော့မယ့် အရီးဝယ်မှာလား"

"အမလေးဝယ်မှာအေ ကျုပ်ကအကောင်းနဲ့ပြောတာကို ရော့ဒီမှာပိုက်ဆံ"

ပိုက်ဆံယူပြီးတာနဲ့ ရွှေပုံလည်း ထိုခြံထဲကထွက်လာခဲ့တော့သည်။ လူတွေများနော် ပိုက်ဆံရှိတော့ထင်ရာစိုင်းနေကြတော့တာပဲ ။ သူ့မောင် ငပွေငရှုပ် လူရမ်းကားကို ယူရမယ်တဲ့လေ တော်တော်လေးအပြောကောင်း အလုပ်အကိုင်မရှိ မိုးလက်ကနေမိုးချုပ် မိန်းမတွေနဲ့ပဲပလူးနေတဲ့အကောင်းကို ရွှေပုံယူမိရင် မျက်ရည်ကိုဒူးနဲ့သုတ်ရမှာမလွဲပေ။ သူ့မောင်လို နှာဘူးကောင်ကို ရွှေပုံက ယူစရာလား ဝေးသေ။

ရွှေပုံလက်ထဲကဈေးရောင်းလို့ရလာတဲ့ပိုက်ဆံလေးကိုရေကြည့်ရင်း အမြတ်နဲ့အရင်းကိုခွဲနေတော့သည်။ မဆိုးပါဘူး အရင်းက ၂၀၀၀ အမြတ်က ၅၀၀၀ကေျာ်မဆိုးဘူးဒီနေ့စျေးရောင်းတာအဆင်ပြေသားပဲ။ခရမ်းချည်သီးပဲ သူများဆီကဖောက်သည်ပြန်ယုရတာ ကျန်တာက ကိုယ်ခြံထွက်ပဲမို့ ကိသ္စမရှိပေ။ ဒေါ်တုတ်ကို ငွေတိုးလေးသွားသွင်းရဦးမယ် ကောက်စိုက်ခ ၆၀၀၀နဲ့ဆိုရင် ၁၁၀၀၀ ရသည်။ ငွေတိုး ၆၀၀၀လောက်ဆပ်လိုက်ရမယ် ။

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Donde viven las historias. Descúbrelo ahora