14

5.6K 346 17
                                    


"တချို့လူတွေများအေ ပိုက်ဆံလေးနည်းနည်းရှိလာတာနဲ့ မိုးမမြင်လေမမြင်ကိုဖြစ်နေတာ အေးပေါ့လေ မြင်မှမမြင်ဖူးကြတာဘယ်သိကြမလဲ "

ရန်မဖြစ်ချင်လို့ ကိုယ့်လမ်းကိုယ်သွားမလို့လုပ်နေတာကို လူကိုထိကပါးရိကပါး စောင်းမြောင်းပြီး ပြောနေတာမို့ ရွှေပုံလည်းညိမ်ခံချင်စိတ်မရှိတော့ပေ။

" လူတွေများ တရားလိုက်ကြတာ သူများအတင်းတွေကိုတော့ ရွာရိုးကိုးပေါက်စုံအောင်လျှောက်ပြောပြီး ကိုယ့်ကိုကိုယ်သေချာပြန်မကြည့်ဘူး သူများရဲ့မသထာရေစာတွေနင်းကန်စားပြီး အခုကတည်းက လူမှန်းမသိသူမှန်းမသိနဲ့ဖြစ်နေပြီ ကျွတ်......ကျွတ်"

ရွှေပုံရဲ့စကားကြောင့် ဒေါ်တုတ်တစ်ယောက် တရူးရူးတရှဲရှဲနဲ့ ရွှေပုံကိုကြည့်ကာ

" ဟေ့....နင်ဘယ်သူ့ကိုပြောတာလဲ....အခြောက်ကောင်"

" အဲ့ဒါဆိုခုနက ဒေါ်တုတ်ဘယ်သူ့ကိုပြောတာလဲ"

"ဟဲ့....ငါပြောတဲ့အထဲနင့်နာမည်ပါလို့လား"

"ကျုပ်ပြောတဲ့အထဲမှာရော ဒေါ်တုတ်နာမည်ပါလို့လား "

"နင် ပြိတ္တာလို့ပြောတယ်လေ"

"ဒါဆို ဒေါ်တုတ်က ပြိတ္တာမကြီးလား....ပြိတ္တာဆိုတာ ပုံစံအမျိုးမျိုးနဲ့ရှိတာလဲ ဘာလဲ ဒေါ်တုတ်က ကိုယ့်ကိုကိုယ်ပြိတ္တာလို့သတ်မှတ်ထားလို့လား"

"နင်....နင်....အခြောက်ကောင်....ထွီ....ရွံစရာ"( ဇာတ်လမ်းအရပါ LGBT တွေအပေါ်စော်ကားလိုခြင်းမရှိပါ)

" အဲ့အခြောက်ကောင်ကိုပဲ အရင်ကဒေါ်တုတ်သားနဲ့ပေးစားချင်ခဲ့တာမလား....အခု အကိုနဲ့ရမှ ရွံစရာလေး ဘာလေးနဲ့ တော့်သားနဲ့ကျုပ်ကိုပေးစားချင်နေမှ တစ်ပိုင်းကိုသေလို့ ကျုပ်ပြောတာ ဟုတ်လားမဟုတ်လား တစ်ရွာလုံးသိတယ် အခုမှမစားရတဲ့အမဲ သဲနဲ့ပတ်နေတယ်......မပြောလိုက်ချင်ဘူး...ဟွန်း"

ဒေါ်တုတ်ဆိုတဲ့မိန်းမကို အနိုင်နဲ့ပိုင်းကာပြောပြစ်ခဲ့လိုက်သည်။ ဒါမှမှတ်လောက်သားလောက်ရှိမှာ ရွှေပုံတို့စကားများနေတုန်း ရွာထဲကလူတွေ ထွက်ကြည့်နေတာ ရွှေပုံမြင်သည်။ ရွှေပုံကိုကျောချင်တဲ့မိန်းမကြီးအခုတော့ ဘာတက်နိုင်သေးလဲ ။တရွာလုံးကလူတွေကလည်း ငွေတိုးကိုမတရားတင်အမြတ်ကြီးစားနေတဲ့ ဒေါ်တုတ်ကိုကြည့်ရတာမဟုတ်ပေ။ ဒါကြောင့် ရွှေပုံစကားကိုထောက်ခံကြလေသည်။

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now