8

6.3K 415 23
                                    

မဂ်လာအကြိုနေ့ည

" ဟယ် ရွှေပုံရယ် လှလိုက်တာ ဒီအကျီလေးနဲ့အရမ်းလိုက်တာပဲဟယ်"

"အဲ့ဒါမိတ်ကပ်ပြင်တဲ့လူတော်လို့လေ ဟဲဟဲ"

မြခတ်နွယ်က သူ့မှေးစေ့သူပြန်ပွတ်ရင်းပြောလိုက်လေသည်။ ဒီနေ့မှထူးထူးဆန်းဆန်း မြခတ်နွယ်တို့ ထမိန်ဝတ်ထားလေရဲ့ကြည့်ရတာ သူကြီးကတော်ဘယ်လောက်တောင် အော်ဟစ်ဆဲကာဝတ်ခိုင်လဲမသိ ဝတ်ထားလေရဲ့ ။

" ဟုတ်ပါ့....အဲ့ဒါကြောင့် ရွှေပုံက မြခတ်ကိုအကူအညီတောင်းတာပေါ့"

ရွှေပုံရဲ့မြှောက်ပင့်စကားကြောင့်မြခတ်မှာ မျက်နှာကြီးပြုံးဖီကာ အကျေနပ်ကြီးကျေနပ်နေတော့သည်။

" ကဲကဲ ရွှေပုံ ဧည့်သည်တွေကို အမြန်သွားဧည့်ခံတော့ ဟိုမှာကိုထူးခြားကြီးတစ်ယောက်တည်း မြန်မြန်သွား"

"အေးပါ..."

ရွှေပုံက အခန်းကအထွက် ကိုထူးခြားကလည်း ရွှေပုံကိုခေါ်ရန်အခန်းထဲကိုအဝင်နဲ့ထိတ်တိုက်တိုးလေသည်။ ထူးခြားမှာ မိုးပြာရောင်သတို့သမီးဝတ်စုံလေးနဲ့လှနေတဲ့ သက်ပုံကြောင့် ထူးခြား အသက်ရူဖို့တောင်မေ့နေတော့သည်။ ဒီရက်ပိုင်း ရွှေပုံကြောင့် သူရင်ဘက်ကြီးပေါက်ထွက်မတတ်ခံစားရတာ ခဏခဏဖြစ်သည်။

" အဟမ်း....ဧည့်ခံရမယ့်အချိန်ရောက်ပြီနော်...အကြည်မစိုက်ကြနဲ့တော့"

သွားကြိတ်သံဖြင့်ပြောသွားတဲ့မြခတ်နွယ်တို့တစ်စုကြောင့် ထူးခြားမှာ ရှက်ရှက်နဲ့လည်ပင်းကိုပွတ်ရင်း

" ရွှေပုံသွားရအောင်...လာကိုယ့်လက်မောင်းကိုချိတ်"

ထူးခြားရဲ့လက်မောင်းကိုချိတ်ရင်း အပြင်သို့ထွက်ကာ ဧည့်သည်တွေကိုလိုက်ဧည့်ခံလိုက်သည်။ မိုးပြာရောင်ဝတ်စုံလေးနဲ့ နောက်တွဲဆံထုံးလေးထုံးထားတဲ့သတို့သမီးလေးကို မိုးပြာရောင် ဝတ်စုံနဲ့ ဝတ်ထားတဲ့သတို့သားလေးက တခါတစ်လေခိုးကြည့်တတ်ပါသေးသည်တဲ့။

-----------------

မဂ်လာပွဲနေ့

တစ်ရွာလုံးကြားအောင် အသံချဲစက်ဖြင့်ဖွင့်ထားတာမို့ ဧည့်သည်တွေကလည်း တဖွဲဖွဲရောက်လို့လာတော့သည်။

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now