7

6K 429 35
                                    

အိမ်ပေါ်ရောက်တော့ အိမ်ရှေ့မှာ ဆန်ပြာသူပြာ ကြက်သွန်ခွာသူခွာနဲ့ ပြည့်ကျပ်နေတော့သည်။ တစ်ယောက်သောသူကတော့အခုထိမတွေ့သေးပေ။ဆန်ပြာနေတဲ့လူတွေထဲ ကြာညိုက ထူး​ခြားကိုလည်းမြင်ရော

"ဟယ်....ကိုထူးခြား....ကိုထူးခြားကြီးမလား...အမလေးတော်လူတောင်မှားတယ်တော်"

"ဟုတ်ပါ့....အခုလိုဆံပင်ညှပ်လိုက်တော့ ကိုထူးခြားကြီးက ချောသားပဲ"

တစ်ယောက်တစ်ပေါက်နဲ့ပြောသံတွေကို ထူးခြားအာရုံမစိတ်အားပေ။ ရွှေပုံကိုသာလိုက်ရှာမိသည်။

" ကြာညို ရွှေပုံရော"

"အခန်းထဲကို ဝင်သွားတယ်တော့ ကျုပ်တို့အတွက် အကျီတွေဝယ်လာပေးလို့ကျေးဇူးပါတော်"

"အင်းပါ...ကျေးဇူးတင်ချင်ရင် ငါ့ကိုမတင်နဲ့ ရွှေပုံကိုတင် အခုတော့ငါ ရွှေပုံဆီသွားလိုက်ဦးမယ်"

"အမလေးနော် ကိုထူးခြားတို့များနော် ရွှေပုံကိုမျက်လုံးအောက်ကကိုအပျောက်မခံဘူးတော်"

အားပြဲစိန်မကြာညိုအသံကြောင့် ဆန်ပြာနေတဲ့လုံမပျိုတွေအကုန်ပွဲကျကုန်တော့သည်။

ထူးခြားအခန်းထဲကိုဝင်လာတော့ မဂ်လာဝတ်စုံတွေကိုဘူးထဲကနေထုတ်ကာ သူ့ကိုကျောပေးရင်း ဗီရိုထဲကိုထည့်နေတဲ့ ရွှေပုံကြောင့် ထူးခြားပြုံးလိုက်မိသည်။ ရွှေပုံကအပြသ်ပြောစရာကိုမရှိအောင် အိမ်မှုကိစ္စကိုနိုင်နင်းလှသည်။ အိမ်မှာဆိုရင်လည် သဲတစ်စက်မရှိ ၊ ကြမ်းပြင်တွေဆိုတာဟာလဲ မှန်ကြည့်လို့ရသည့်အထိပြောင်လက်နေသည်။ မီးဖိုချောင်မှာဆိုရင်လည်း အိုးခွက်ပန်ကန်ကအစ သူ့နေရာနှင့် မီးဖိုချောင်တစ်ခုလုံးသန့်ရှင်းသန့်ရပ်နေသည်။

အရင်ဆိုရင် ဖြစ်သလိုနေတတ်တဲ့ ထူးခြားက အခုဆိုရင် ရွှေပုံကြောင့် ဖြစ်သလိုနေလို့မရတော့ပေ။ နေတာ ၂ရက်ပဲရှိသေးသည်။ ထူးခြားအဝတ်တွေဆိုရင် ပေကျံနေတာမရှိပေ။ အားလုံးမီးအိုးကျ အဆင်သင့်ဝတ်ရုံပင်ဖြစ်သည်။ ဟင်းချက်ရင်လည်း ချက်ရင်ချက်သမျှစားကောင်းသည်။ ကုန်ကုန်ပြောရရင်ငရုတ်သီးထောင်းကအစ စားကောင်းနေတာမို့ အရင်ကပိန်တဲ့ထူးခြားတောင်အခုဆိုရင်တော်တော်ပြည့်လာသည်။ ဒီလိုအဖက်ဖက်ကပြည့်စုံတဲ့ ရွှေပုံကိုရထားတဲ့ထူးခြားကတကယ့်ကိုကံကောင်းသည်။

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now