16

5.7K 397 35
                                    


" ဟဲ့ ရွှေပုံ.....ငါ့ကို ဝက်သားအချိုချက် ၁၀၀၀ဖိုးလောက်ပေးစမ်းပါအေ"

"ဟုတ်ကဲ့...ရော့ဒီမှာ အမထွေးနု ဘယ်သူစားမှာလဲ ကျုပ်ပိုပိုသာသာထည့်ပေးထားတယ်နော်"

"နင့်မောင်ငထွေးစားမှာ....ကျောင်းချိန်လည်းနီးနေပြီဆိုတော့ ဟင်းချက်မမှီလို့ ရွှေပုံရေ နင်အခုလို ထမင်းဟင်းတွေရောင်းတော့ ပိုအဆင်ပြေတာပေါ့အေ ကဲငါသွားပြီရွှေပုံရေ"

"ဟုတ်ကဲ့ အမထွေးနု"

ထွက်သွားတဲ့အမထွေးနုကိုကြည့်ရင်း သက်ပုံ သက်ပြင်းချလိုက်လေသည်။ လင်မယား ၂ယောက်အလုပ်ကြိုးစားပေမယ့် ကလေးများတဲ့အမထွေးနုကြောင့် ရှာသလောက်အရာမထင်ပေ။ အမထွေးနုတို့လင်မယားကိုကြည့်ရင်းရွှေပုံ စိတ်မကောင်းသာဖြစ်မိသည်။

" ရွှေပုံရေ ထမင်းစားမယ်ဟေ့ ကြက်အသဲအမြစ်တစ်ပွဲ၊ ငရုတ်သီးကြော်တစ်ပွဲ"

"လယ်ထဲက ပြန်တက်လာပုံရတဲ့ ကိုကျော်စံကြောင့် ရွှေပ​ုံမှာထမင်းပွဲပြင်အေးလိုက်တော့သည်။

"ရပါပြီ ရော့ ကိုကျော်စံ ဘာလိုသေးလဲပြောဦးနော် "

"ရတယ်မလိုဘူး နင်လက်ရာဆိုအကုန်ကောင်းတယ်"

လက်မလေးထောင်ကာ ရွှေပုံလက်ရာကောင်းကြောင်းခေါင်းမဖော်တမ်းပြောလာတဲ့ ကိုကျော်စံကြောင့်ရွှေပုံရယ်လိုက်မိသည်။တို့စရာဟင်းနဲ့ငပိရည်ကိုတော့ ရွှေပုံကအလကားပေးတာမို့ ရွှေပုံထမင်းဆိုင်လေးမှာအမြဲတမ်းလူမပြတ်ကြနေတော့သည်။

ထိုချိန်အကိုက ကိုမျိုးဦးတုတ်တုတ်နဲ့ ပျဥ်တွေသစ်တွေသယ်လာပြီး အိမ်ဘေးမှာပုံထားလိုက်တော့သည်။ ထိုချိန် ထမင်းစားနေတဲ့ကိုကျော်စံက ခေါင်းထောင်ကြည့်လာပြီး

" ထူးခြား....ပျဥ်တွေကများလှချည်လား"

" ဟုတ်တယ်.......ကိုကျော်စံရယ် အိမ်ပြန်ပြင်မလို့ မဟုတ်ရင်အိမ်ကပြိုကျတော့မယ်"

"အေးအေး...ကောင်းတယ်ကွာ...ကဲ...ရွှေပုံရေ ဘယ်လောက်ကျလဲဟေ့"

" ကြက်အသည်းအမြစ်က ၁၀၀၀ ၊ ငပိကြော်က ၅၀၀ ထမင်းက ၅၀၀ ဆိုတော့ ၂၀၀၀ကျတယ် ကိုကျော်စံရေ"

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now