11

6.6K 374 16
                                    

"ရွှေပုံ ကျုပ်ကိုပါ ၅၀၀ဖိုးပေး"

"ရော့ ဒီမှာ ၅၀၀ဖိုး "

"ကြက်မွကြော်အနံ့လေးကမွှေးနေတာပဲ ဟီးဟီ အိမ်ရောက်ရင်ထမင်းနဲ့စားရမယ် "

"ဒါနဲ့ ရွှေပုံ နင်မနက်ဖြန်လည်းရောင်းဦးမှာလား တခြား ငါးနီတူခြောက်တို့ (ငါးဆစ်စလီ) ၊ ငါးအသားခြောက်တို့ ငါးပိကြော်တို့ရောင်းပါလာအေ"

"ဟုတ်တယ် ငါတို့လည်း နင့်ဆီကဝယ်စားလို့ရတာပေါ့အေ"

"အမလေး....ဒါကိုတောင် ကျုပ်ယောကျာ်းကိုထူးခြားမသိအောင်ခိုးရောင်းရတာ သူသိရင်ကျုပ်ကိုရိုတ်မှာတော့"

"အမလေးဟယ် ကိုထူးခြားကြီးက နင့်ကိုဒီလောက်ချစ်တာ ဘယ်လိုလုပ်ရိုတ်မှာလဲ ဒါမှမဟုတ် ကိုထူးခြားကြီးအတွက်လယ်ထဲထမင်းပို့ရင် ပလပ်စတစ်အိပ်လေးတွေနဲ့ထုတ်လာပေးပေါ့ ကျုပ်တို့ဝယ်မှာပေါ့တော်"

"ဟုတ်တယ် ရွှေပုံရဲ့ အဲ့လိုလုပ်ကြည့်ပါလား  "

"နင်အိမ်မှာတစ်ယောက်တည်းနေရတာထက်စာရင် ဒီအလုပ်ကနင့်အတွက်အရမ်းအဆင်ပြေမယ့်လို့ ငါတော့ထင်တယ်"

ကြာညိုနဲ့ နှင်းကြည် ရဲ့အားပေးစကားကြောင့် ရွှေပုံလုပ်ကြည့်ချင်လာသည်။ဒါနဲ့ပဲ

"အင်းငါလုပ်ကြည်မယ်လေ နင်တို့သာ အကို့ကိုပြန်မပြောကြနဲ့ အထူးသဖြင့် မဘုတ်ဆုံပဲ"

"အယ် ကျုပ်မပြောပါဘူးတော် ဂတိ ဂတိ"

မဘုတ်ဆုံစကားကြောင့် ရွှေပုံပြုံးလိုက်မိသည်။ ရွှေပုံအတွက်စိန်ခေါ်ပွဲကြီးတစ်ခုကို လုပ်ရပေတော့မည်။

ထူးခြား အိမ်ပြန်ရောက်တော့ ရွှေပုံကိုမတွေ့တာမို့ ခေါ်ကြည့်လိုက်လေသည်။

" ရွှေပုံရေ ရွှေပုံ"

"လာပြီ....လာပြီ အကိုရေ"

အခန်းထဲက ထွက်လာတဲ့ ရွှေပုံကြောင့် ထူးခြား ရွှေပုံအနားကိုသွားလိုက်ပြီး

"ရွှေပုံနေမကောင်းဘူးလား အခန်းထဲမှာအိပ်နေတာလား"

"မဟုတ်ပါဘူးအကိုရေ ရွှေပုံပိုက်ဆံဝင်ထားနေတာပါ အယ် ငါးရံ့ကြီးတွေက အကောင်းကြီးတွေပါလား အကိုဖမ်းလာတာလား"

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now