17

6.5K 384 25
                                    

အရင်တုန်းကဆိုရင် အကိုကဂရုဏာဒေါသနဲ့လေသံမာမာပြောတက်ပေမယ့် ရွှေပုံစိတ်ထဲ ရွှေပုံကိုစိုးရိမ်လို့ပြောတယ်လို့ပဲတွေးသည်။အခုတော့ ရွှေပုံစိတ်ထဲ အားငယ်လာသည်။ အားငယ်စိနဲ့အတူမျက်ရည်တွေပါဝဲလာတော့သည်။

ထူးခြား စိုးရိမ်လိုပြောလိုက်ပေမယ့် ရွှေပုံစိတ်ထဲဝမ်နည်းသွားလို့ထင်သည်။ မျက်ရည်တွေတွေဝဲကာ ပါးပြင်ပေါ်သို့ကျလာတော့သည်။ ထိုအခါ ထူးခြားမှာ ရွှေပုံကိုရင်ခွင်ထဲထည့်ကာ ချော့ရတော့သည်။
ငိုချင်ရင်လက်တို့ဆိုသလိုပဲ ထူးခြားချော့လိုက်မှ မျက်ရည်တွေဒလဟောစီးကျလာတော့သည်။ ပြီးတော့ ထူးခြားရဲ့ရင်ဘက်ကိုတဘုန်းဘုန်းထုကာငိုတော့သည်။

" ဟုတ်ပါတယ် ကိုယ်မှားတာ..... ကိုယ်မှားတာ ကိုယ်တကယ်ကိုမှားသွားပါတယ် မငိုနဲ့တော့နော်.."

ထို့နောက် ထူးခြားရင်ခွင်ထဲကနေ ထူးခြားကိုမော့ကြည့်ကာ

" စပါးရောင်းတဲ့ပိုက်ဆံတွေရော"

ရွှေပုံရဲ့ရုတ်တရက်စကားကြောင့် ထူးခြားမှာ ရွှေပုံကိုဆက်ပြီးပဲချေ့ရတော့မလိုလို ပိုက်ဆံကိုပြေးယူရတော့မလိုလိုဖြစ်နေတော့သည်။

ရွှေပုံကိုကြည့်ကာ ပြုံးပြုံးစိစိလုပ်နေတဲ့အကိုကြောင့် ရွှေပုံလည်း အကို့ရင်ဘက်ကြီးကို ထုကာ

" မေးနေတယ်လေ.....စပါးရောင်းရတဲ့ပိုက်ဆံဘယ်မှာလဲလို့....ဘုန်း....ဘုန်း"

" အ့...အသက်ရယ်အသာကုန်ထုရလား....စာပွဲခုံထက်က လွယ်အိတ်ထဲမှာအကုန်ပါပါတယ်ကွာ "

" ဟွန်း....သတိထားနော်"

ထူးခြားကို လက်ညိုးလေးထိုကာထိုကာ မျက်စောင်းထိုးသွားတဲ့ ရွှေပုံကိုကြည့်ရင်းထူးခြားမှာအသည်းတယားယား။

ရွှေပုံလည်း ဓာတ်ဘူးတွေနဲ့လက်ဖက်ရည်ပန်ကန်လုံးလေးတွေတင်ထားတဲ့စာပွဲခုံပေါ်ကလွယ်အိတ်ကိုယူပြီး အိတ်ထဲကပိုက်ဆံတွေကိုထုတ်ပြီးရေတွက်နေလေသည်။အားလုံးစုစုပေါင်း သိန်း 160  လယ်ငှားခအကုန်လုံးကိုသူကြီးဦဘငွေကိုပေးပြီးပြီဖြစ်သည်။ ဒီနှစ်ဆန်စျေးကောင်းသည်။ ၅ဧကမှာ တစ်ဧကကို ၄၀ထွက်လေသည်။ အားလုံးစုစုပေါင်းစပါးတင်း ၂၀၀ထွက်လေသည်။ ၅ဧကမှာ ၄ဧကကိုသာမြို့တက်ရောင်းပြီး ကျန်တ်ဧကကိုတော့ သူကြီးနဲ့ တစ်ယောက်ကို တင်း ၂၀ ခွဲကာ အိမ်မှာစားဖို့ယူကြလေသည်။ စပါးစျေးကလည်းကောင်း ၊ စိုက်ထားတဲ့စပါးတွေကလည်းဖြစ်ထွန်းတာမို့ ထူးခြားတို့ စပါးစစိုက်တဲ့နှစ်မှာ တော်တော်ကိုမျိုးမျိုးမြတ်မြတ်ကျန်လေသည်။

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now