3(zawgyi)

2K 35 4
                                    

ရွှေပုံ တို့ သူငယ်ချင်းမ ၃ယောက် အလှူကိုရောက်တော့ အဌားခေါ်လာတဲ့လှည်းပေါ်က ပစ္စည်းတွေကိုချနေတုန်း အလှု့ရှင်ဒေါ် ကျင်မေကရောက်လာပြီး ဖော်ဖော်ရွေရွေစကားပြောရင်း အလှူမဏ္ဍပ်သိုခေါ်လေသည်။ ဒါကြောင့် ရှပေုံ တို့သူငယ်ချင်းမတွေ လိုက်သွားရတော့သည်။

ခဏနေတော့ ရှပေုံ ရွာသို့ပြန်လာခဲ့လေသည်။ ကြာညိုနဲ့နှင်းကြည်ကတော့ အလှူရှင်မကြီး ဒေါ်ကျင်မေက မပြန်ဖို့နဲ့ ရွာကိုသူအကြောင်းကြားပေးထားကြောင်းပြောတာကြောင့် ကျန်ခဲ့လေသည်။ရှပေုံ ကတော့ မနက်ဖြန် ဟိုဘက်ရွာက မဂ်လာဆောင်အရွက် အသီးအရွက်တွေကြိုမှာထားတာမို့ ဒီနေ့ညနေဘက်ခူးမှရပေမည်မဟုတ်ရင်အချိန်မမှီပဲနေလိုက်မည်။

လှည်းနဲ့ဆိုရင် ခဏလေးနဲ့ရောက်ပေမယ့် အလှူကိုလာတဲ့လှည်းတွေသာရှိပြီး သက်ပုံတို့ ကုန်းတန်းရွာကိုသွားတဲ့လှည်းကရှားသည်။
နေဝင်ရီတဖြစ်တာကြောင့် ရှပေုံ လည်းရွာသို့ခပ်မြန်မြန်သာ ပြန်လာတော့သည်။ ထိုချိန် ရှပေုံ ​ရှေ့ကိုပိတ်ရပ်လိုက်တဲ့လူတစ်ယောက်

" ရွှေပုံလေး ဟီးဟီး"

အရှေ့မှာပိတ်ရပ်ကာ ကွမ်းစားထားတဲ့သွားရဲရဲတွေပေါ်အောင် တဟီးဟီးရယ်ပြနေတာတော့သည်။အရက်ကသောက်ထားတာမို့ တစ်ကိုယ်လုံးအရက်စော်နံဆော်နေတော့သည်။ မျက်နှာတစ်ခုလုံးအဆီတွေပျံနေကာ ရှပေုံ ကိုတစ်ဟီးဟီးရယ်ပြနေသေးသည်။

"ကိုသန်းမောင်....တော် ဘာလုပ်တာလဲ ဖယ်ပေး ကျုပ်ရှေ့က "

"မဖယ်ဘူးကွာ ဟိုနေ့က ထူးခြားရှိနေလို့ ရှပေုံ ​လေးကို ကိုကြီးက ကိုကြီးရဲ့ရင်ထဲကစကားတွေကို မပြောလိုက်ရဘူး ဒီနေ့တော့ ရင်ထဲကစကားတွေကိုလည်းပြောမယ် ရှပေုံ ​လေးကိုလည်း အပိုင်သိမ်းမယ် ဟီးဟီး"

"တော် ဘာစကားပြောတာလဲ...... တောက်"

"ကိုယ်တစ်ကယ်ရွှေပုံလေးကို သားမှတ်မှတ်မယားမှတ်မှတ်ပေါင်းမှာပါ ရွှေပုံလေး ရဲ့ ဟားဟား"

ပြောရင်း ရှပေုံ ခန္ဓာကိုယ်လေးကိုအတင်းဖက်ကာ လယ်ထဲက တဲတစ်ခုအနားကိုအတင်းဆွဲခေါ်တော့သည်။ မှောင်ရီပျိုးစအချိန်မို့ လမ်းကလူပြတ်လိုနေတော့သည်။

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now