5

6.4K 396 41
                                    


"မောင်ထူးခြားက အခုဘယ်မှာနေမှာလဲ ရွှေပုံနဲ့လိုက်မှာလားငါ့တူကြီး"

ဂျီး​ေတာ်စိန်ရဲ့အမေးကို ထူးခြားက

" ဟုတ်ကဲ့ ဂျီးတော်စိန်...ကျုပ် ရွှေပုံနဲ့ပဲ လိုက်နေတော့မလို့ အခုတော့ လယ်ထဲမှာကျန်ခဲ့တဲ့ ပစ္စည်းပစ္စယလေးတွေသွားယူမလို့"

"အေးအေး...ဒါဆို ဂျီးတော် သွားလိုက်ဦးမယ်နော်...မဂ်လာပွဲနေ့မှလာခဲ့မယ်"

"ဟုတ်ကဲ့.....အော်...ဂျီးတော်စိန်...မနက်ဖြန်ကျုပ်နဲ့ ရွှေပုံမြို့ကိုမဂ်လာပွဲအတွက် လိုအက်တာတွေသွားဝယ်မလို့ လိုက်ခဲ့ပါဦးနော် "

"အေးအေး...ဂျီးတော် လိုက်ပေးမယ် ကဲ ဒါဆိုဂျီးတော် သွားပြီနော်"

"ဟုတ်ကဲ့ ဂျီးတော်စိန်"

ဂျီးတော်စိန်ထွက်သွားတော့မှ ထူးခြားလည်း ရွှေပုံကိုခေါ်ကာ လယ်တဲထဲကိုထွက်လာခဲ့တော့သည်။ လယ်တဲထဲက ထူးခြားရဲ့ ပစ္စည်းတွေကိုယူကာ ပြန်လာခဲ့ကြတော့သည်။

ထူးခြားပစ္စည်းကအခြားမဟုတ်ပေ။ ဖျင်ကြမ်းအကျီ ၃ထည်နဲ့ ပုဆိုးကြမ်း ၃ထည်သာဖြစ်သည်။ကျန်တာကတော့ ခြင်ထောင်တစ်လုံးခေါင်းဦးတစ်လုံးနဲ့ဖျင်းကြမ်းစောင်တစ်ထည်ဖြစ်လေသည်။

ရွှေပုံလည်းအိမ်ကိုရောက်တာနဲ့ အကိုရဲ့ခြင်ထောင်နဲ့စောင်ကို ဇလုံတစ်ခုထဲကို ဆပ်ပြာရည်တွေနဲစိမ်ထားလိုက်သည်။ပုဆိုးနဲ့အကျီးတွေကိုတော့ နောက်ထပ်ဇလုံတစ်ခုနဲ့စိမ်ထားလိုက်သည်။ လယ်ထဲမှာဖြစ်သလိုနေတာမို့ အဝတ်အစားနဲ့ အိပ်ယာတွေက ရွံ့တွေသဲတွေနဲ့ပေကျံလို့နေတော့သည်။ အကိုကတော့ အလိုက်တသိရေခပ်ပေးလေသည်။ ရေကန်က ရွာပတ်ပတ်လည်မှာရှိတာမို့ရွှေပုံ တို့အိမ်ရဲ့လေးငါးဆယ်အိမ်လောက်လျှောက်ရလေသည်။

အကိုရေခပ်နေတုန်း ရွှေပုံက သူကြီးအိမ်ကပြန်လာတုန်းက ရွာကအထည်သည် မယမင်းဆီကဝယ်ထားတဲ့ ပုဆိုးနဲ့အကျီကိုထုတ်ထားလိုက်သည်။

" အကို....အကို​ရေခပ်ပြီးရင်ရေချိုးတော့မှာမလား"

"အင်း...ဟုတ်တယ်"

"ဟို...ရွှေပုံ အကိုအတွက်အကျီထုတ်ပေးထားတယ် အဲ့ဒါဝတ်လိုက်နော် အကိုအဝတ်တွေကအကုန်စုပ်ပြဲပြီးပေကျံနေပြီ ရွှေပုံလျှော်လိုက်တော့မယ်"

 🗡ငါ့မိန်းမထိ ဓားကြည့်🗡Where stories live. Discover now