အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ

873 79 0
                                    

အပိုင်း (၅၉) ငါလေးနဲ့ကစားကြတဲ့သက်တော်စောင့်တွေ

ရှန်ယွဲ့က သဘောတူလိုက်သည်ကို တွေ့လိုက်သဖြင့် သည်ထက်ကောင်းတာလုပ်စရာမရှိကြသည့် ကျန်သက်တော်စောင့်များကလည်း စိတ်ဝင်စားလာကြတော့သည်။ သူတို့သည် တစ်နေ့လုံး ပျင်းရိနေကြလေသည်။ သူတို့တွေ အခုနေ တစ်ခုခုမှမလုပ်ကြလျှင် မစ်ရှင်ကို ပြန်ပို့ရချိန်၌ သူတို့သူဌေးက ဆဲဆူပေတော့မည်။

ထို့ကြောင့် သူတို့က ပြောလိုက်၏။

" ကျွန်တော် မင်းနဲ့ မင်းမောင်လေးအတွက် မနက်စာဝယ်လာခဲ့တယ်"

" ကျွန်တော် ဒီနေ့ကားယူလာတယ်၊ မိန်းကလေးရှန်ယွဲ့ ကျွန်တော် မင်းကို ကျောင်းလိုက်ပို့ပေးပါရစေ"

"မိန်းကလေးရှန်ယွဲ့ ဇိမ်ခံတဲ့ဝန်ဆောင်မှုများ လိုသေးလား"

ရှန်ချန် က ဘာမှမလုပ်နိုင်ခင်မှာပင် သူ့ကျောပေါ်က အိတ်နှင့် လက်ထဲက ရေခွက်က လုယူခံလိုက်ရတော့သည်။ သန်မာထွားကြိုင်းသည့် အနက်ရောင်ဝတ်စုံနှင့်လူက သူ့လက်ထဲသို့ ပဲနို့တစ်ခွက် အတင်းထည့်ပေးလိုက်သည်ကို သူ့မှာ ဘာမှမတတ်နိုင်ပဲ ကြည့်နေရတော့သည်။ ရှန်ချန်၏အသံက တုန်တုန်ယင်ယင်ဖြစ်နေ၏။

" အစ်မ သူတို့တွေက ဘယ်သူလဲ...."

သူ အိပ်ရာဝင်တာအရမ်းနောက်ကျလို့များ ထင်ယောင်ထင်မှားတွေ ဖြစ်နေတာလား။

"အင်း"

ရှန်ယွဲ့သည် အနည်းငယ်ရှက်သွားတော့သည်။ သူသည် အရပ်မြင့်မြင့်သန်သန်မာမာ သက်တော်စောင့်များကို ကြည့်လိုက်ပြီး သူတို့တွေက စေတနာအလျောက်လာလုပ်ပေးတာဟုပြောဖို့ရန်က အလွန်အတွေးခေါင်းသည့်စိတ်ကူးဟု ခံစားလိုက်ရတော့သည်။ သူမသည် အသာအယာချောင်းဟန့်လိုက်ကာ ပြောလိုက်လေသည်။

" ငါ့မှာ သုံးစရာငွေတွေအများကြီးရှိတယ်လေ၊ ငါနဲ့ ကစားဖို့ သီးသန့်သက်တော်စောင့်တွေကို ငှားထားတာ"

ရှန်ချန်၏မျက်လုံးများ ဝိုင်းစက်သွားတော့သည်။

"အစ်မ နင် တကယ် နောက်နေတာတော့ မဟုတ်ဘူးမလား"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now