အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့

592 49 0
                                    

အပိုင်း (၁၀၂) နင့်ကို မေ့သွားတော့မလို့

တစ်စက္ကန့်မပြည့်ခင်မှာပင် လူကြမ်းငါးယောက်မှာ ကြမ်းပြင်ပေါ်တွင် လဲကျသွားတော့သည်။ ရှန်ယွဲ့က အလွန်မှဩဇာအပြည့်ဟန်ဖြင့် လက်နှစ်ဖက်ကို ခါလိုက်ပြီး

" ကျွတ် ပုရွတ်ဆိတ်တစ်အုပ်လေးပဲ"

ချောင်ဖန်းသည် သူမခေါ်လာသည့် လူကြမ်းများက အရေးမလှသည်ကိုမြင်လိုက်ရသဖြင့် ချောက်ခြားသွားတော့သည်။ သူမသည် ဖုန်းကို မြန်မြန်ထုတ်လိုက်ပြီး သူမ၏ယောက်ျားဖြစ်သူ ကျန်းရှုကို ခေါ်လိုက်လေသည်။

" ဒီကို မြန်မြန်လာအုံး၊ သောက်သုံးမကျတဲ့ယောက်ျား ရှင့်မိန်းမနဲ့ ကလေးတွေက အနိုင်ကျင့်ခံရတော့မယ်၊ ရှင်မလာရင်တော့ ကျွန်မတို့ ကွာပြီမှတ်"

ဖုန်းချလိုက်ပြီးနောက် ချောင်ဖန်းက ဆဲရေးတိုင်းထွာနေဆဲ။ သူမသည် ဒေါသခြောင်းခြောင်းထွက်နေတော့သည်။

" အခြေအမြစ်မရှိတဲ့ အရိုင်းအစိုင်း ကောင်မနဲ့ အစိုင်းကလေး,ကများ ငါ့ကျန်းမိသာစုနဲ့ တိုက်ခိုက်ရဲသေးတယ်၊ ရယ်စရာကောင်းလိုက်တာ"

ချောင်ဖန်း၏ မကျေမချမ်းစကားသံကို ကြားလိုက်ရပြီး ရှန်ယွဲ့က အန္တရာယ်အပြည့်ပါသည့်အကြည့်တစ်ခုကို ချက်ချင်း လွှတ်ထုတ်လိုက်ပြီး အေးစက်စက် သ-တ်ဖြတ်တော့မည့်ဟန်ဖြင့် ပြောလိုက်လေသည်။

" ကျွန်မမောင်လေးကို ရိုက်တဲ့သူက ရှင်မလား၊ အသက်မရှင်တော့ဘူးလား"

" နင် နင်ဘယ်သူလဲ၊ ငါ သတိပေးလိုက်မယ်၊ နင် ဘာမှ စိတ်လိုက်မာန်ပါမလုပ်နဲ့နော် ၊ ငါ့ယောက်ျားက လုံထန် ကော်ပိုရေးရှင်းရဲ့ ဥက္ကဋ္ဌ၊ သူက နင့်လို ကောင်မကို လက်တစ်ချောင်းထဲနဲ့ ဖိချေလိုက်ရတယ်"

"ကျွန်မဆိုတဲ့ ရှန်ယွဲ့က ဧကရာဇ်ကြီးကြွလာရင်တောင် အသုံးမဝင်ဘူး၊ သောက်ကျိုးနဲ ဥက္ကဋ္ဌဆို ပြောမနေနဲ့"

ရှန်ယွဲ့က ထေ့ငေါ့ပြောလိုက်ကာ ချောင်ဖန်းထံသို့ မြန်မြန် ချဥ်းကပ်သွားတော့သည်။

"မလာနဲ့နော်၊ တစ်ယောက်ယောက် မြန်မြန်လာအုံး" ချောင်ဖန်း၏မျက်လုံးများမှာ ပြူးကျယ်သွားတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now