အပိုင်း (၇၅) နောက်ကွယ်လူတစ်စု

833 75 0
                                    

အပိုင်း (၇၅) နောက်ကွယ်လူတစ်စု

ပန်းခင်းနောက်တွင် ကျောင်းသားတစ်ချို့က လှမ်းကြည့်နေ၏။ သူတို့ထဲက တစ်ယောက်သည် ကင်မရာနှင့်တူသည့်အရာကို ကိုင်ထားလေသည်။

ရှန်ယွဲ့က မျက်မှောင်ကျုံ့လိုက်၏။ ကျောင်းသားများ၏ မျက်နှာကို သေချာကြည့်လိုက်ပြီးနောက် ခေါင်းခါပြလိုက်လေသည်။

" ငါ သူတို့ကိုမသိဘူး၊ ငါ စာသင်ခန်းဆီ ပြန်တော့မယ်၊ နင်ရော"

ရှီဖုန်းက သူပြောလိုက်သည့်အဓိပ္ပါယ်ကို သိလေသည်။ ကိစ္စကို ဖြေရှင်းပြီးသည်ဖြစ်သဖြင့် သူ့ကို မောင်းထုတ်ချင်နေခြင်းပင်။

ဒီကောင်မလေးရဲ့စိတ်နေသဘောထားနဲ့ အကျင့်က သူ့အသိမိတ်ဆွေဟောင်း လင်ယွဲ့နဲ့ တစ်ပုံစံထဲပဲ။ ရှီဖုန်းသည် သူမကိုကြည့်လေလေ ရှန်ယွဲ့၏အကျင့်စရိုက်တို့က သူ သိထားသည့် လင်ယွဲ့နှင့် အလွန်ဆင်တူလေလေ ဖြစ်နေလေသည်။ သို့သော် သူတို့၏လုံးဝကွဲပြားသည့်အသွင်က သူ့ကို စိတ်ရှုပ်သွားစေတော့သည်။

သူသည် ရှန်ယွဲ့အကြောင်းကို အမှန်ပင် အလွန်သိချင်နေပြီး သူ့နှင့်ပတ်သက်သည့် လျှို့ဝှက်ချက်များကို ထပ်စုံစမ်းချင်လေသည်။ ဒါပေမယ့် တကယ်လို့များ သူမက တကယ်ပဲ လင်ယွဲ့ဆိုရင်ကော။ သူ ဘာလုပ်ရမလဲ။

" ဒါပေမယ့် သူက သေသွားပြီပဲလေ၊ မဖြစ်နိုင်ပါဘူး...."

ရှီဖုန်းသည် အတွေးနစ်သွားပြီး အမှတ်တမဲ့ စိတ်ထဲရှိသည့်အရာကို ထုတ်ပြောလိုက်လေသည်။

"ဟမ် ၊ နင် ဘာပြောလိုက်တာလဲ"

ရှန်ယွဲ့သည် ဇဝေဇဝါဖြင့် သူမ၏နားကို ကလော်လိုက်လေသည်။

" ရပါတယ်၊ ငါ့ကားက ဟိုနားမှာလေ၊ ငါလည်း သွားတော့မယ်"

ရှီဖုန်းသည် သူ့ဝတ်စုံကို သပ်ရပ်အောင်လုပ်လိုက်ပြီး ရှန်ယွဲ့ကို အလွန်ရင်းရင်းနှီးနှီးနှင့် လက်ပြနှုတ်ဆက်လိုက်လေသည်.

" ဒီလိုဆိုတော့ ငါလည်းနင့်ကို သူငယ်ချင်းတစ်ယောက်လို ဆက်ဆံရမှာပေါ့၊ နောက်တစ်ခါ တခုခုဖြစ်ရင် ငါ့ကို ဆက်သွယ်လိုက်နော်၊ နှုတ်ဆက်တယ်"

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now