အပိုင်း (၁၅၈+၁၅၉)

401 30 0
                                    


အပိုင်း (၁၅၈) အမှတ်ပြည့်

ပြိုင်ပွဲကို သုံးပိုင်းခွဲထားသည်။ ပထမပိုင်းမှာ တဦးချင်းစွမ်းရည်စစ်ဆေးခြင်းဖြစ်သည်။

ပေးထားသည့်အချိန်အတွင်းတွင် ဗိုင်းရက်စ်ဆယ်မျိုးနှင့် ထိုးဖောက်ရမည်ဖြစ်ပြီး သူ့ကို ဖယ်ဒရယ်စနစ်၏ အဆင့်မြင့်ပုံတစ်ခုဖြင့် ပြုလုပ်ထားသည့် antivirus စနစ်ဖြင့် စစ်ဆေးလိမ့်မည်။ စစ်ဆေးလို့မရနိုင်သည့် ဗိုင်းရက်အရေအတွက်က ပထမပွဲစဥ်၏ တစ်ဦးချင်းရမှတ်ဖြစ်လိမ့်မည်။

ဒုတိယအပိုင်းမှာ အားလုံး၏ ပူးပေါင်းဆောင်ရွက်နိုင်စွမ်းကို စမ်းသပ်ခြင်းဖြစ်သည်။ ဖယ်ဒရေးရှင်းမြို့ရှိ မိသားစုများအတွက် အလုပ်လုပ်ပေးရမည့် ဟက်ကာများသည် တခြားသူများနှင့် ပူးပေါင်းဆောင်ရွက်နိုင်စွမ်း ရှိရမည်။ သူတို့ကို ကျဗန်း တွဲပေးထားမည်ဖြစ်ပြီး ပွဲစီစဥ်သူများက သတ်မှတ်ထားသည့် ပရိုဂရမ်ကို လူအားဖြင့် စစ်ဆေးပေးရမည်။ စစ်ဆေးနိုင်သည့် ဗိုင်းရက်အရေအတွက်က ဒုတိယပွဲစဥ်အတွက် တစ်ဦးချင်းရမှတ်ဖြစ်လာမည်။

တတိယနှင့် အရေးအကြီးဆုံးအပိုင်းသည် ထိပ်ဆုံးဟက်ကာများကို ရွေးချယ်ရန်ဖြစ်သည်။

ကျိုးကော်ပိုရေးရှင်း ဥက္ကဋ္ဌ ကျိုးရွှမ်းလုပ်ထားသည့် firewallသည် စုစုပေါင်း အဆင့်ခြောက်ဆင့်ရှိသည်။ ထိုးဖောက်နိုင်သည့် အဆင့်တိုင်းအတွက်ကို ငါးဖြင့်မြှောက်ပြီး သည်ပွဲစဥ်၏ ရမှတ်အဖြစ်သတ်မှတ်လိမ့်မည်။

A က ပြိုင်ပွဲစည်းမျဥ်းကို ရှင်းပြရင်း သူ့ အားလုံးကို မမေ့မလျော့ စနောက်လိုက်လေသည်။

" ရိုးရိုးလေးပဲလို့တော့ မတွေးလိုက်နဲ့နော်၊ တတိယအဆင့်ကို ထိုးဖောက်နိုင်တဲ့သူက မရှိသလောက်ပဲ၊ ဟက်ကာအဆင့်စာရင်းထဲက ထိပ်ဆုံးအယောက်၂၀ ကတောင် နံပါတ်လေးအဆင့်ကို ထိုးဖောက်ချင်မှာ ထိုးဖောက်နိုင်လိမ့်မယ်၊ အားလုံး အရည်အချင်းကို ထုတ်ပြလိုက်စမ်းပါ"

အစီအစဥ်မှူး၏ စကားကို ကြားလိုက်ပြီး ရှန်ယွဲ့သည် အိပ်တောင်ပျော်တော့မည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now