အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း

927 78 2
                                    

အပိုင်း (၇၃) ကျောင်းအုပ်ကြီး၏လုပ်ဆောင်ချက်ကို စောင့်ကြည့်ခြင်း

ကျိုးကြောင်းဆီလျော်သည့်ဆင်ခြေကောင်းတစ်ခု စဥ်းစားမရနိုင်ဖြစ်နေရာ ကျောင်းအုပ်ကြီးက အောင့်သက်သက်ဖြင့်သာ ပြုံးနိုင်လေသည်။

" ဒါတွေအားလုံးက နားလည်မှုလွဲတာပါ၊ ဒါပေမယ့် ရှန်ယွဲ့ကို ဒီကိစ္စနဲ့ပတ်သက်ပြီး သေချာမဖြေရှင်းနိုင်ဘဲနဲ့ ကိစ္စတွေကို အရမ်းပြင်းပြင်းထန်ထန်ဖြစ်သွားစေတာ ကျွန်တော်တို့အမှားပါ"

"နားလည်မှုလွဲတာ ဟုတ်လား၊ ကျုပ် အခုလေးတင်ဝင်လာတော့ ခင်များ ရှန်ယွဲ့ကို ကျောင်းထုတ်ချင်ပြီး သူ့ကို ထွက်သွားဖို့ပြောနေတာ ကျုပ်ကြားလိုက်သားပဲ" ဟန်လင်က အလျှော့မပေးဘဲ ပြောလိုက်၏။

ရှန်ယွဲ့၏သဘောကျမှုကို တတ်နိုင်သမျှ များများရစေရန် ဟန်လင်းသည် ထိုအခိုက်အတန့်၌ ရှန်ယွဲ့၏ကိုယ်စား ဝင်ပြောလိုက်တော့သည်။ သူက စိတ်ဆိုးမာန်ဆိုး မျက်နှာထားဖြင့် ဆက်ပြောလိုက်၏။

" ခင်များ ဘာတွေလုပ်နေလဲဆိုတာ ကြည့်စမ်း၊ အေးအေးချမ်းချမ်းနဲ့ ဖြေရှင်းလို့မရတဲ့ ပြဿနာဆိုတာ မရှိဘူး၊ ဆရာအုပ်စုလိုက် မိန်းကလေးငယ်လေးတစ်ယောက်ကို အပြစ်တင်ဝေဖန်ပြီး သူ့ကို ရိုက်ပုတ် မောင်းထုတ်ဖို့ လုံခြုံရေးတွေကို ခေါ်မှ ဖြစ်မှာလား၊ သူက ဧရာမပစ်မှုကြီးတစ်ခု ကျူးလွန်ခဲ့လို့လား"

ဟန်လင်းက အလွန်စိတ်လှုပ်ရှားနေသည်ကို မြင်လိုက်ရသည့် ရဲမှူးချုပ်စုန့်က ထောက်ခံလိုက်လေသည်။

" ဟုတ်ပါတယ်ဗျာ၊ သူ အမှားတစ်ခုလုပ်ခဲ့တယ်ဆိုရင်တောင် ရဲဝန်ထမ်းတွေအနေနဲ့ ကျွန်တော်တို့တွေက ဒီကိစ္စကို ဖြေရှင်းပေးမှာပါ၊ ခင်များတို့က ဘာလုပ်ဖို့ကြိုးစားနေတာလဲ၊ အုပ်စုလိုက်အနိုင်ကျနေတာလား"

သူတို့နှစ်ယောက်၏စကားမှာ ပိုပြင်းထန်လာပြီး ကိစ္စတစ်ခုလုံး ကြောက်စရာကောင်းသည့်အဆင့်တစ်ခု ဖြစ်သွားအောင် လုပ်နေသည်ကို မြင်လိုက်ရသဖြင့် ကျောင်းအုပ်ကြီးက နဖူးမှာချွေးများကို သုတ်ကာ ကူကယ်ရာမဲ့စွာ ရှင်းပြရန် ဖိအားပေးခံလိုက်ရတော့သည်။

အထူးလုပ်ကြံရေးသမတစ်ယောက်ရဲ့ စာမျက်နှာသစ်Where stories live. Discover now